မူးယစ်ဆေးဝါးများနှင့်အတူ တရားခံပြေးတစ်ဦး ဖမ်းမိ

0
436

ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှ အလိုရှိနေသည့် မူးယစ် တရားခံပြေး တစ်ဦးကို ဇန်နဝါရီလ ၁၀ ရက်က မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီရမိခဲ့ သည်ဟု ကော့သောင်းမြို့နယ် ရဲစခန်းမှ သိရသည်။


အဆိုပါ တရားခံသည် မူးယစ် ဆေးဝါးမှု၊ လူသတ်မှုများဖြင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသူဖြစ်ကြောင်း သိရသည်။
၎င်းအား ပုလုံးတုံတုံးကျေးရွာရှိ သူ၏ နေအိမ်တွင် စိတ်ကြွဆေးပြားများ၊ ဘိန်းစာမှုများ အပါအဝင် အခြားပစ္စည်း များနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ရဲတပ်ဖွဲ့က ဆိုသည်။
၎င်းကို မူးယစ်ပုဒ်မ  ၁၅/၁၉(က)/၂၀(က) ဖြင့် ထပ်မံ အရေးယူ ဆောင်ရွက် သွားမည်ဟု သိရသည်