DDPC ဘန်ဂလိုများ မဖျက်သေးသည့်အပေါ် မောင်းမကန်ဒေသခံများ မေးခွန်းထုတ်

0
429

တိုင်းအစိုးရ၏ ညွှန်ကြားချက်အား ထားဝယ်အများပိုင်ကုမ္ပဏီ(DDPC )မှ မလိုက်နာမှုအပေါ်  တိုင်းအစိုးရအဖွဲ့မှ မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို သိလိုကြောင်း မောင်းမကန်ရွာသားများ က မေးခွန်းထုတ်လိုက်ကြသည်။


DDPC  မှ မောင်းမကန်ကမ်းခြေ တွင်  အဆောက်အဦများ  ကျူးကျော် ဆောက်လုပ်ထားမှုများအား ဒီဇင်ဘာ ၁၂ ရက် နောက်ဆုံးထား ဖျက်သိမ်းရန် တိုင်းအစိုးရမှ ညွှန်းကြားထားသော်လည်း ယခုထိ ဆောင်ရွက်ခြင်း မရှိသည့်အပေါ်  ယင်းသို့မေးခွန်း ထုတ်ကြခြင်း ဖြစ်သည်။

 
” ကိုယ် တရားဝင် ညွှန်ကြားထားပြီး တဲ့ ကိစ္စတစ်ရပ် အကောင်အထည်မဖော် တာကို ဘာကြောင့် ထိထိရောက်ရောက် အရေးမယူလဲ မေးချင်တယ် ” ဟု (၁၀)ရပ် ကွက်မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦး မောင်အေးက ပြောသည်။
တိုင်းအစိုးရ ညွှန်ကြားချက်တွင် အမှတ် ၁၀၄ ခြေလျင်တပ်ရင်းအား မောင်းမကန်ကမ်းခြေ စိမ်းလမ်းစိုပြေရေး အတွက် ပေးအပ် ထားသည့် မြေအပေါ် DDPC မှ ၂ ခန်းတွဲ ဘန်ဂလို ၁၀ လုံး၊ စာဒသောက်ဆိုင် ၁ ဆိုင်၊ ဧည့်ကြို ကောင်တာ အဆောက်အဦ ၁ လုံး၊ လုံခြုံရေးအဆောက်အဦ ၁ လုံးတို့အား ၄၅ ရက် အတွင်း ဖျက်သိမ်းသွားရမည်ဟု ပါရှိကြောင်း သိရသည်။

 
သို့ရာတွင် သတ်မှတ်ရက်အတွင်း လုံခြုံရေး ဂိုဒေါင်တစ်လုံးသာ ဖျက်သိမ်း သဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးသို့ တင်ပြ ထားကြောင်း မောင်းမကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြော သည်။” ထိထိမိမိ အရေးယူဆောင်ရွက်မှ အောက်ခြေက လုပ်ရကိုင်ရ အဆင်ပြေ တာပေါ့၊ ရွာသားတွေလည်း အမြင် ကြည်မယ်လေ ” ဟု ဦးသန်းနိုင်က ပြော သည်။

 
ယခုကဲ့သို့ ဆုံးဖြတ်ညွှန်ကြားချက် အတိုင်း ထိထိမိမိ မလုပ်ဆောင်ပါက ကျေးရွာမြေယာကော်မတီဝင်များ အနေ ဖြင့် မြေယာကိစ္စ ကိုင်တွယ်ရ ခက်ခဲပြီး ရွာသူရွာသားများကြားတွင်လည်း ပြန် လည်ဖြေရှင်းရခက်ခဲကြောင်း ဦးသန်း နိုင်နှင့် ရပ်မိရပ်ဖများက ပြောကြသည်။

 
တနင်္သာရီအပတ်စဉ်မှ DDPC ရုံးသို့ နှစ်ရက်ခြား နှစ်ကြိမ် သွားရောက် မေးမြန်းခဲ့သော်လည်း ယင်းမောင်းမကန် လုပ်ကွက်တာဝန်ခံ ခရီးလွန်နေသည်ဟု တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။
မောင်းမကန်ဒေသခံများသည် ယခင်အစိုးရလက်ထက်က DDPC အား အလိုမရှိကြောင်း ဆန္ဒ ၂ ကြိမ် ထုတ်ဖော်