ပါတီ၏ ဆုံးဖြတ်ချက်အတိုင်း လက်ခံမည်ဟု တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတုံ့ပြန်

0
484

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌ နှစ်ဦးထဲတွင် တစ်ဦးအား အရေးယူမည်ဆိုသည့်အပေါ် ပါတီ၏ ဆုံးဖြတ်ချက် အတိုင်းခံယူမည်ဟု တိုင်း လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးက ပြောကြား သည်။


တိုင်ကြားခံထားရသည့် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ နှစ်ဦးအနက် တစ်ဦးတွင် ရှိသင့် ရှိထိုက်သည့် ဂုဏ်သိက္ခာနှင့် မကိုက်ညီ သည့်အတွက် အရေးယူသွားရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေး မှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက သတင်း မီဒီယာများအား ပြောဆိုချက်အပေါ် အထက်ပါအတိုင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

 
” ပါတီက ဆုံးဖြတ်ချက်အတိုင်း ကျေကျေနပ်နပ်ကြီး လက်ခံသွားပါ့မယ်” ဟု တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည် စိုးက ပြောသည်။
လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးထဲမှ တစ်ဦး ကို အရေးယူရန်ရှိပြီး ပါတီမှ နှုတ်ထွက် ရသည်အထိ ရှိကောင်းရှိနိုင်ကြောင်း လေ့လာ သုံးသပ်ရေးအဖွဲ့ခေါင်းဆောင် လည်းဖြစ်သည့် ဦးဥာဏ်ဝင်းက ပြော ဆိုထားသည်။
လွှတ်တော်ဥက္ကဋ္ဌ ကို လွှတ်တော် လုပ်ငန်းစဉ်များ လုပ်ဆောင်မှုအားနည်း သည်ဟူသည့် စွပ်စွဲချက်ဖြင့် လည်း ကောင်း၊ ဒုဥက္ကဋ္ဌကိုမူ လွှတ်တော် တည်ဆောက်ရေးတင်ဒါကိစ္စနှင့် ပတ် သက်၍ လည်းကောင်း တိုင်ကြားချက် များအပေါ် လေ့လာသုံးသပ်ရေးအဖွဲ့က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်တွင် လွှတ်တော်လုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည် ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက တုံ့ပြန်ထားပြီး လွှတ်တော် အဆောက် အဦတင်ဒါကိုလည်း ဥပဒေလုပ်ထုံး လုပ်နည်းများအတိုင်း စနစ်တကျ လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ဦးကြည်စိုးက ပြောဆိုထားသည်။