ခွင့်တူညီမျှ.. ဝါဒဖြူစင်တဲ့မြေ ဖြစ်စေဖို့

0
448

တနင်္သာရီတိုင်းသားများ အသံပြိုင် အော်ခဲ့ဖူးကြသည်။
” ဒို့သယံဇာတ ဒို့အတွက်”
တစစ်စစ် ကိုက်ခဲနာကျင်ခဲ့ရသော ခံစားချက်များကြောင့် ရင်နာနာဖြင့် မေးခွန်းလည်း ထုတ်ဖူးကြသည်။
” ဒို့တိုင်းသားတွေက ဒုတိယတန်း စား၊ တတိယတန်းစား နိုင်ငံသားများ လော..”


ယခု တရားဝင် တောင်းဆိုခွင့်ရ လေပြီ။ ” အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ” များ တိုင်းအတွင်း၌ ကျင်းပ နေလေပြီ။
ဖက်ဒရယ်စနစ်၏ အခြေခံမူပါ နိုင်ငံသားတိုင်း၏ တန်းတူအခွင့်အရေး အတွက်..၊ သာတူညီမျှရေးအတွက်..၊ သယံဇာတနှင့် အာဏာခွဲဝေမှုအတွက်၊ နောက်ဆုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်အတွက် ဆွေးနွေးနိုင်သောအခွင့် အလမ်းတိုင်းသားများထံ ရောက်လာ ပါပြီ။ ရတောင့်ရခဲ အခွင့်အလမ်း ဖြစ် သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည် ဆောက်နိုင်ရေးအတွက် တိုင်းတွင်းသား အားလုံး ပါဝင်ခွင့်ရစေသော ပထမဆုံးပွဲ ဖြစ်သည်။

 
ယခုပွဲများသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းတွင်း သား အားလုံး၏ဆန္ဒဖော်ပြခွင့်ရမည့် ပွဲဖြစ်ပါသည်။ ယခု ကျင်းပ နေသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများမှ ချမှတ်လိုက်သော မူဝါဒများ သည် တစ်ချိန်တွင် တိုင်းတွင်းသား အားလုံးလိုက်နာ လက်ခံကျင့်သုံး ရမည့် စနစ်တစ်ခု ဖြစ်လာပေလိမ့်မည်။ယင်းသို့ ပြည်သူတိုင်းစနစ်တစ်ခု ရေးဆွဲရာတွင် (တိုင်းတွင်းသားများ အပါ အဝင်) ပြည်သူတိုင်း ကိုယ်တိုင်ပါဝင်ခွင့် ရသည့် အခင်းအကျင်းဆီသို့ ရောက်ရန် မလွယ်ခဲ့။

 
ယင်း အခွင့်အရေးအတွက် ပုံ သဏ္ဌာန်မျိုးစုံဖြင့် တောင်းဆိုခဲ့ကြရ သည်။ ညီနောင်အချင်းချင်း စစ်ခင်းကြ ရသည်အထိ။
နိုင်ငံ့ခေါင်းဆောင်များ အကြိမ် ကြိမ် တွေ့ဆုံကြသည်။ တိုင်းပြည် ကံကြမ္မာက ချိုတစ်လှည့် ခါးတစ်လှည့် ဖြင့် စားပွဲဝိုင်းများထက်မှ မဆင်း။ ပြည် သူတို့ ရင်တမမဖြင့် စောင့်ကြည့်ရုံမှအပ မတတ်နိုင်ခဲ့။

 
ငြိမ်းချမ်းရေးအတွက် အကြီးမား ဆုံး အောင်မြင်မှုအဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(ဃြဗ) လက်မှတ်ထိုးနိုင်ခဲ့ သည်။အစိုးရသစ် လက်ထက်တွင် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ခပ်စိပ်စိပ်ကျင်းပ ခဲ့သည်။

 
“ခေတ်အဆက်ဆက် အမြစ်တွယ် ရှင်သန်ခဲ့သော လက်နက်ကိုင် ပဋိပက္ခ များကို လက်နက်ကိုင်နည်း လမ်းဖြင့် ဖြေရှင်း အောင်မြင်နိုင်မည်မဟုတ်”
” နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာမှသာ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်”
” ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးကို တည်ဆောက်နိုင်မှသာ ဒီမိုကရေ စီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ”

 
ယင်းတို့သည် ဒေါ်အောင်ဆန်း စုကြည်ကိုင်စွဲထားသော မူဝါဒများ ဖြစ် ၏။
သမိုင်းတွင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးကို ၂၀၁၆ ခုနှစ် အတွင်း ဩဂုတ် ၃၀ မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပသည်။ ၂၁ ရာစု ပင်လုံ ပထမအစည်း အဝေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ခွင့် မရသေး။ အဖွဲ့အစည်းကိုယ်စားပြုတို့ တက်ရောက်ကာ လွတ်လပ်စွာ အသံ ထုတ်ခွင့်ရကြသည်။ တချို့က လေ့လာ ခွင့်သာ ရကြသည်။ အစည်းအဝေး အပြီး တွင်လည်း ဆွေးနွေးပွဲများ ဆက်တိုက် ကျင်းပခဲ့သည်။

 
ယင်းဆွေးနွေးပွဲများတွင် ပြည်သူ တို့ တိုက်ရိုက် ပါဝင်ခွင့်ရမည့် ဆွေးနွေး ပွဲများ ကျင်းပနိုင်ရေးကိုလည်း ဆွေးနွေး ဖြစ်ကြသည်။
” ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေး ” ဖြစ်သည်။
ပြည်ထောင်စု ရှေ့ခရီးအတွက် ဒေသအလိုက်၊ လူမျိုးအလိုက်၊ အ ကြောင်းအရာအလိုက် ပါဝင်သင့် ပါဝင် ထိုက်သူ အားလုံး ပါဝင်နိုင်ရေး နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပတော့မည် ဖြစ် သည်။

 
တနင်္သာရီတိုင်းတွင် ဒေသအလိုက်၊ ကရင်ပြည်နယ်တွင် လူမျိုးအလိုက်၊ နေပြည်တော်တွင် အကြောင်းအရာ အလိုက် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြီးကြပ်မှု ကော်မတီများကို ဖွဲ့စည်းကြောင်း ယခု နှစ်မကုန်မီ ဒီဇင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် (UPDJC – ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ)မှ ကြေညာချက် ထုတ်ပြန်ပြီးလေပြီ။
လုပ်ငန်းလမ်းညွှန်ချက်အရ ယင်း ဆွေးနွေးပွဲအား တိုင်းဒေသကြီးအစိုးရမှ ခေါ်ယူကျင်းပရမည်ဖြစ်ပြီး (UPDJC )မှ အသိအမှတ် ပြုရမည် ဖြစ်သည်။ ဗွေဆော်ဦးအဖြစ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား တနင်္သာရီတိုင်းတွင် ဇန်နဝါရီလ ၂၃ ရက်တွင် ပထမဆုံးကျင်းပရန် တိုင်း အစိုးရအဖွဲ့မှ ဆုံးဖြတ်လိုက်သည်။
ယင်းအတွက် ခရိုင်အလိုက်သော် လည်းကောင်း၊ မြို့နယ်လိုက်သော် လည်းကောင်း အကြိုဆွေးနွေးပွဲများ ကျင်းပနေကြသည်။ ထားဝယ်ခရိုင်တွင် အကြို ဆွေးနွေးပွဲအဖြစ် ဇန်နဝါရီ ၂ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ကျင်းပ ခဲ့သည်။
မြိတ်နှင့် ကော့သောင်းတို့တွင် အခြေအနေ မည်သို့ ရှိမည်မသိ။
ထားဝယ် အကြိုပွဲတွင် အားနည်း ချက်အချို့ တွေ့ခဲ့ရသည်။

၁။ ဖိတ်ကြားမှု အားနည်းခြင်း
ဆွေးနွေးပွဲ တက်ရောက်သူ အများ စုမှာ ဆွေးနွေးပွဲ ရှိကြောင်း မီဒီယာများမှ သော်လည်းကောင်း၊ တစ်ဆင့်စကား တစ်ဆင့်နားဖြင့်သော်လည်းကောင်း ရောက်လာသူက ပိုများနေပါသည်။ တချို့က အချိန် အလွန်နီးကပ်မှ တယ် လီဖုန်းဖြင့်ဖိတ်ကြားခြင်း ခံရသည်ဟု ညည်းတွား ကြသည်။
ပွဲစီစဉ်သူများ တက်သုတ်ရိုက် လုပ်ဆောင်ရမှုကြောင့်ဟု နားလည်နိုင်ပါ သည်။ သို့သော် တိုင်း၏ ရှေ့ရေးအား အဆုံးအဖြတ် ဖြစ်နိုင်သည့်ပွဲ၊ တစ်သက် တစ်ခါ ကြုံတောင့်ကြုံခဲပွဲ ဖြစ်ပါသည်။ ဖိတ်ကြားခံရသူများ၊ ပါဝင်သင့် ပါဝင် ထိုက်သူများဘက်မှ အဖွဲ့အစည်းအလိုက် သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလသော် လည်းကောင်း ကြိုတင်စုဝေးတိုင်ပင်ရန် ပြင်ဆင်ရန် အချိန် လိုပါသည်။
ဖိတ်ကြားရာတွင်လည်း အစည်း အဝေးအစီအစဉ် ကြိုမသိရခြင်းက တက်ရောက်သူများအတွက် များစွာ ကသိကအောက် ဖြစ်စေပါသည်။
ယခုကဲ့သို့သော ဆွေးနွေးပွဲ တစ်ခု အတွက်ဆိုပါက နိုင်ငံတကာတွင် ရက်မည်မျှခွာ ကြိုဖိတ်လေ့ရှိကြောင်း ပွဲစီစဉ်သူများ သိပြီး ဖြစ်ချိမ့်မည်။ နောင်တွင် သတိချပ်စေချင်ပါသည်။

၂။ ပွဲစီစဉ်သူများ အချိန်ယူ လွန်းခြင်း
သိစေချင်သော စေတနာအား နား လည်ပါသည်။ ပွဲ ရည်ရွယ်ရင်း ဘေး မချော်ရန် ကြီးကြပ်ရမည်ကို သဘော ပေါက်ပါသည်။ သို့သော် ” ဆွေးနွေးပွဲ လော၊ စာပေဟောပြောပွဲလော ” ဟု မေးခွန်းထုတ်ရသည်အထိ မဖြစ်သင့်ပါ။ ပွဲတစ်ပွဲသည် ခေါင်းစဉ်နှင့် အညီသာ ဖြစ်သင့်ပါသည်။ ယင်းသို့ မေးခွန်း ထုတ်ရသည်မှာ အစည်းအဝေးအစီအစဉ် ကြိုမဝေမိ၍လည်း ဖြစ်ပါသည်။

၃။ ဆွေးနွေးရန်အချိန် နည်းလွန်းခြင်း
ဆွေးနွေးခွင့်ရသည့်ရက်က နည်း လွန်းပြီး တိုင်းတွင်းသားတို့ ရင်တွင်းမှ ပြောစရာက များနေဟန် တူပါသည်။ (၂) အချက်နှင့် ဆက်စပ်နေပါသည်။ ပွဲစီစဉ်သူများ အချိန်ယူလွန်းသဖြင့် အထွေထွေဆွေးနွေးရန် အချိန်ပေးနိုင်မှု နည်းသွားသည်။ စာတမ်းဖတ်ရန် ၁၀ မိနစ်၊ အထွေထွေ ဆွေးနွေးလိုသူအတွက် ၃ မိနစ် ပွဲစီစဉ်ကြီးကြပ်တစ်ဦး ဟော ပြောရှင်းလင်းရန် အချိန် ၁နာရီ ဝန်းကျင် က မဖြစ်သင့်ပါ။

 

(ကရင်အမျိုးသားတစ်ဦး ဘာသာစကား အခက်အခဲကြောင့်ဟု (၃)မိနစ်ထက် နည်းနည်းပိုပေးရန် တောင်းဆိုသော်လည်း မရခဲ့ပါ။)
ကျေနပ်ရသည်က စားသောက် နေထိုင်ရေးနှင့်၊ ဖိတ်ကြားရေးတို့တွင် ချို့ယွင်းခဲ့ပါက သူ၏ အားနည်းချက်သာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က တောင်ပန်း သွားသည်ကို ဖြစ်ပါသည်။ ” အခက်အခဲ ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့ရင် ကျွန်မရဲ့ အားနည်း ချို့ယွင်းချက် များသာ ဖြစ်ပါကြောင်း ကျွန်မအနေနဲ့ တောင်းပန်ချင်ပါတယ် ” ဟူ၏။

 
တာဝန်ခံမှုနှင့် တောင်းပန်တတ်မှုကို ချီးကျူးပါသည်။ ပွဲအပြီးတွင် သက်ဆိုင် ရာကဏ္ဍအလိုက် စာတမ်းများ ထပ်မံ ဖြည့်စွက် ထည့်သွင်းလိုပါက ဇန်နဝါရီလ ၂၀ ရက်အထိ တင်သွင်းနိုင်ကြောင်း လမ်းဖွင့်ပေးသည့်အတွက်လည်း ကျေနပ် ရပါသည်။
လာမည့် ဇန်နဝါရီ ၂၃ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် ယခုကဲ့ သို့သော ချို့ယွင်းချက်များ မဖြစ်စေလိုပါ။

 
တိုင်းတွင်းသားတို့၏ တူညီသော သဘောထား အမြင်များနှင့် မတူညီသော သဘောထားအမြင်များကို စုစည်းကာ မကြာမီ ကျင်းပမည့် ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ ချောမွေ့စွာ တင်ပြ နိုင်ရန် လိုသည်။
တိုင်းတွင်းသားများအားလည်း တိုင်း