ယမန်နှစ်က မွန်တွင် မီးလောင်မှု ၆၇ ကြိမ် ဖြစ်ပွား

0
417

၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ် တွင် မီးလောင်မှု ၆၇ ကြိမ်ဖြစ်ပွားခဲ့ ကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။
မီးသတ်ဌာန၏ တွက်ချက်မှုအရ ယင်းမီးလောင်မှုများကြောင့် ဆုံးရှုံးမှု စုစုပေါင်း ငွေကျပ် ၃၈ သန်းကျော်ရှိခဲ့ သည်။


မီးဖိုမီးကြောင့် အကြိမ် ၂၀ ၊ ပေါ့ ဆမီးကြောင့် ၁၉ ကြိမ်၊ လျှပ်စစ်မီး ကြောင့် အကြိမ် ၂၀၊ တောမီး ၁ ကြိမ်နှင့် ရှို့မီး ၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မော်လမြိုင် ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးရဲအောင် က ပြောသည်။

 
အထက်ပါ ဌာန၏ စာရင်းအရ ဖေဖော်ဝါရီလတွင် မီးလောင်မှု အများ ဆုံးဖြစ်ခဲ့ပြီး ၁၂ ကြိမ် လောင်ကျွမ်း ခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်း မွန်ပြည်နယ် ၁၀ မြို့နယ်တွင် မီးလောင်မှု ၆၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် လောင် ကျွမ်းမှု အများဆုံးဖြစ်ခဲ့သည်ဟု မွန် ပြည်နယ် မီးသတ်ဦးစီးဌာနရှိ စာရင်းအရ သိရသည်။