မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ မွန် စကားသင်

0
553

မွန်ပြည်နယ် မော်လမြိုင်ခရိုင် အတွင်းတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား မွန်ဘာသာ အခြေခံ စကားပြောသင်တန်း သင်ကြား ပို့ချလျက်ရှိကြောင်း မော်လမြိုင်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


မွန်လူထုနှင့် ထိတွေ့ဆက်ဆံရာ တွင် ပြေလည်စေရန်အတွက် ယင်းသို့ သင်ကြားခြင်း ဖြစ်ပြီး မော်လမြိုင်ခရိုင်ရှိ  မော်လမြိုင်၊  သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့မှ ရဲတပ် ဖွဲ့ဝင် ၃၃ ဦးကို ကနဦး သင်ကြားပို့ချ ပေးလျက်ရှိသည်။” ဒီလိုသင်ကြားတာ မွန်ပြည်နယ် မှာ ပထမဆုံးပါပဲ၊ နောက်လည်း သင်ကြားဖို့ရှိတယ်၊တစ်ကြိမ်ကို သုံးဆယ်ကျော်လောက် ခွဲပြီး သင်ကြား တယ်၊ သထုံခရိုင်ဘက်မှာလဲ သင်ကြား ဖို့ရှိတယ်”  ဟု မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးသင်တန်းဌာနခွဲမှ ရဲအုပ်မြင့်အေးက ပြောသည်။

 
သင်တန်းကို မွန်စကားပြောတတ် သည့် သံဖြူဇရပ်မြို့နယ်မှ ရဲအုပ် မင်းဌေးမောင်မောင်၊ ချောင်းဆုံမြို့နယ်မှ ဒုတပ်ကြပ်ကြီး မင်းကျော်မြတ်မိုးနှင့် ဒုတပ်ကြပ်မင်းစိန်အောင်တို့က သင် တန်းဆရာအဖြစ် သင်တန်းသားများကို အလှည့်ကျ သင်ကြားပေးသည်။
” ကိုယ်က မြန်မာစကားပဲ ပြော တတ်တော့ မွန်စကားကို ပြောဖို့ တော်တော်သင်ယူရတယ်၊ ဆရာတွေ တစ်နေ့ကို စကားအလုံး ၂၀ သင်ရင် ၁၀ လုံးလောက် မှတ်မိအောင် ကြိုးစား ရတယ်”  ဟု ကျိုက်မရောမြို့နယ်မှ ဒုတပ်ကြပ် မြင့်ဌေးက ပြောသည်။
စနေ၊ တနင်္ဂနွေနေ့မှ အပ ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်ထိ အချိန်ပြည့် ပြုလုပ်ခြင်းဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။