စီးနင်းရှာဖွေမည့် ရဲတပ်ဖွဲ့ဝင်များကို ကျည်ကာအင်္ကျီ တပ်ဆင်မည်

0
453

မူးယစ်ဆေးဝါးနှင့် ဒုစရိုက်နှိမ် နင်းရေး ဆောင်ရွက်မည့် ရဲတပ်ဖွဲ့ဝင်များ ကို လာမည့် ၁၀ ရက် အတွင်း ကျည်ကာ အင်္ကျီများ တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ခရိုင်တစ်ခုလျှင် ၁၀ ထည်နှုန်းဖြင့် ဖြန့်ဝေသွားမည်ဖြစ်ပြီး အဓိက စီးနင်းရှာ ဖွေမည့် နယ်ထိန်းနှင့် ဒုစရိုက် နှိမ်နင်း ရေး တပ်ဖွဲ့ဝင်များကို ဝတ်ဆင်စေမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး က ဆိုသည်။” ရှေ့က ဝင်စီးမယ့် တပ်ဖွဲ့ဝင် တွေ ဝတ်လို့ရအောင်ပါ၊ နောက်က ဝင်လိုက် မယ့် သူတွေအတွက်တော့ မပါသေးဘူး ပေါ့”  ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောသည်။
ဝင်ရောက်ဖမ်းဆီးချိန်တွင် လက် နက်ပါသော်လည်း တရားခံဟု ယူဆ ရသူမှာ လက်နက်ကိုင်ဆောင်ထားခြင်းရှိ၊ မရှိသေချာမသိရသည့်အတွက် အလွန် အန္တရာယ်များနေပြီး ယင်းကဲ့သို့ ကျည် ကာအကျီတပ်ဆင်ပေးမည် ဆိုပါက အတိုင်းအတာတစ်ခုအထိ လုံခြုံလာနိုင် ကြောင်း ထားဝယ်ခရိုင်အတွင်း နယ် ထိန်းတာဝန် ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက ဆိုသည်။
” အဖမ်းခံရသူတွမှာက အနည်းဆုံး တော့ တုတ်ဓားတွေရှိနေနိုင်ပြီး အခန့် မသင့်ရင် သေနတ်ပါရှိနေနိုင်တာပေါ့”  ဟု အဆိုပါ ရဲအရာရှိက ပြောသည်။ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလ ၁၄ ရက်က မူးယစ် တရားခံပြေးဖြစ်သူ သီဟနိုင်(ခ) ညီငယ်အား ထားဝယ်မြို့ တွင် ဝင်ရောက်ဖမ်းဆီးစဉ် ရဲတပ်သား ထွန်းယိန်းအား ညီငယ်မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရဲတပ်သား သေဆုံးသွား ခဲ့ပြီး တရားခံပြေး ညီငယ်အား လက်ရ ဖမ်းဆီး နိုင်ခဲ့သည်။