ရေစီးက သန်၏

0
462

နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ခေါင်းထဲ စွဲနေသည့် စကားတစ်ခွန်း ရှိသည်။
နိုင်ငံခြား ရုပ်ရှင်ကားတစ်ကားမှ မှတ်သားမိနေခြင်း ဖြစ်သည်။အမှတ်မမှား ဘူးဆိုလျှင် မူးယစ်ကုန်ကူးသူက အနည်းငယ် စွာကျယ်ကျယ်လုပ်နေသည့်
နိုင်ငံရေးသမားတစ်ဦးအား ပြောလိုက်သည့် စကားဖြစ်သည်။ထိုသူပြောသည့်စကားမှာ “မင်းအာဏာရလာမှ ငါဖျက်ဆီးပြမယ်” ဟူ၏။
လက်ရှိ အစိုးရသည် လာဘ်ပေး လာဘ်ယူ ကင်းရေးဟူသည့် ကြွေးကြော်သံကို ကျယ်ကျယ်လောင်လောင် ကြွေးကြော်ပြီး တက်လာသည်။ မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံတွင် လာဘ်ပေး လာဘ်ယူမှုနှင့်ပက်သက် သည့် အစဉ်အလာ ရေစီးမှာ သန်မာအားကောင်းလှသည်။

 
အစိုးရသစ်လက်ထက် ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ထောက်ခံစာယူပြီး အလှူငွေမထည့်ဘဲ ထွက်လာမိသည်ကို စိတ်ထဲ စနိုးစနှောင့် ဖြစ်နေအောင်ပင် အရိုးစွဲနေသည်။ အခြားကိစ္စများမြောင်ဖြင့် သက်ဆိုင်ရာ ဌာနအလိုက် ဖြစ်နေသည့် လာဘ် ပေး လာဘ်ယူမှု ရေစီးမှသာဆိုးပေမည်။

 
ပြီးခဲ့သည့် ရက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဖေ့စ်ဘုတ်စာ မျက်နှာတွင် စီးပွားရေးလုပ်ငန်းတစ်ခုက ဖွင့်ပွဲအတွက် ဖိတ်စာနှင့်အတူ လက် ကိုင်ဖုန်း တစ်လုံးလက်ဆောင်ထည့်ပေးထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ယင်းသို့ မပေးရန် သတိပေးသည့်အနေဖြင့် ရေးထားသည်ကို တွေ့ရသည်။အဆိုပါ လွှတ်တော်ကိုယ်စားလှယ်အား ချီးကျူးမိသည်။
တချိန်တည်းမှာပင် အပေါ်မှာ ပြောခဲ့သည့် နိုင်ငံခြား ဇာတ်ကားထဲက စကားကို ထပ်သလဲလဲ ဆင်ခြင်မိသည်။

 
” မင်းအာဏာရလာမှ ငါဖျက်ဆီးပြမယ်”
” မင်းအာဏာရလာမှ ငါဖျက်ဆီးပြမယ်”
” မင်းအာဏာရလာမှ ငါဖျက်ဆီးပြမယ်”
လာဘ်ပေး လာဘ်ယူမှု ရေစီးမှာ နည်းမျိုးစုံဖြင့် အားကောင် မောင်းသန် စီးနေသည်။ လာဘ်ပေး လာဘ်ယူမှုကင်းရေး ကြွေးကြော်ထားသူများ မိမိထင်ထား သည်ထက် ပိုမိုအားကောင်းသည့် တွန်းအား ဆွဲအားများဖြင့် ရင်ဆိုင်ရမည်ကို ကြိုတွေးထားစေလိုပါသည်။
တချိန်တည်းတွင်ပင် လှပစွာ ပြန်လည် တွန်းလှန်တတ်ရေးကိုလည်း ဗျူဟာမြောက် တွေးထား ပြင်ဆင်ထားရန်လိုကြောင်း သတိပေး လိုပါသည်။