ဘန်းကချွန်ကျေးရွာတွင် အရက်မူး စကားများရာမှ လူသတ်မှုဖြစ်

0
424

ကော့သောင်းမြို့နယ် ၊ ဘန်းကချွန် ကျေးရွာတွင်  ဇန်နဝါရ်ီလ ၅ရက်က သူငယ်ချင်း အချင်းချင်း စကားများ ရန် ဖြစ်ရာမှ လူသတ်သည်အထိ ဖြစ်သွားခဲ့ ရကြောင်း ကော့သောင်းမြို့မ ရဲစခန်း မှ သိရသည်။


အတူ အရက်ထိုင်သောက်နေစဉ် အကြောင်းအရာ တစ်ခုအပေါ် အခြေ တင်စကားများကြပြီး နပန်းလုံး ထိုး ကြိတ်ရာမှ လက်လွန်ကာ လူသတ်သည် အထိ ကျူးလွန်ခဲ့ကြောင်း  အထက်ပါ ရဲစခန်းမှ သိရသည်။အိမ်နီးချင်းများက မြင်ပြီး ယင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ထံ ဖုန်းဆက် သတင်းပေးတဲ့အတွက် ပြစ်မှု ကျူးလွန် သူကို ချက်ခြင်းဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ကော့သောင်းမြို့မ ရဲစခန်းမှ ဒုစခန်း မှူးက ဆိုသည်။
ပြစ်မှုကျူးလွန်သူ ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် အမှုဖွင့် ထားသည်ဟု ကော့သောင်းမြို့မရဲစခန်း မှ သိရသည်။