သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် သတိထားသင့်သည့် ဒေသမျိုးစိတ် ဆုံးရှုံးမှု

0
427

ပြီးခဲ့သည် ဒီဇင်ဘာ ၁၉ နှင့် ၂၀ ရက်က ထားဝယ်မြို့   Diamond Crown Hotel တွင် Stakeholder consultation Workshop on Responsible Tourism  အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြု လုပ်သွားခဲ့ပါသည်။


နှစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည့်အတွက်လည်း ရလဒ်ကောင်းများ ရရှိခဲ့ကြပါသည်။
ဒုတိယနေ့ ဝိုင်းဖွဲ့ ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်ပုဂ္ဂိုလ်တစ်ဦး တင်ပြသွား သည့် အချက်အလက်အပေါ် စိတ်ဝင်စား မိခဲ့ပါသည်။
ထိုပုဂ္ဂိုလ်တင်ပြသွားသည်မှာ ထိုင်း နိုင်ငံမှ အဖွဲ့အစည်းတစ်ခုနှင့် မြန်မာ နိုင်ငံသည် ၎င်း၏နယ်မြေတွင်းရှိ မျိုး သုဉ်းရှားပါးလုနီးဖြစ်သည့် တောင်ငုံး ရင်မဲငှက် တစ်မျိုးကို မျိုးပွားရန် သဘော တူ လက်မှတ်ထိုးပြီးပြီဟု ကြားရသည်ဟု ဆိုသည်။
ယေဘုယျအားဖြင့် ဝမ်းမြောက်စရာ သတင်းဟု ဆိုနိုင် ပါသည်။

 
သို့သော် ဒေသမျိုးစိတ် ဆုံးရှုံးမှုမဖြစ် ရေးအတွက် သတိထားရမည့် အချက်များ ရှိနေပါသည်။
မြန်မာနိုင်ငံပိုင်သော သယံဇာတ အရင်း အမြစ်များသည် အခြားနိုင်ငံသို့ ရောက် မှန်းမသိ ရောက်ရှိသွားကာ နည်းအမျိုး မျိုးဖြင့် သော်လည်းကောင်း၊ နည်းပညာ အသိနည်းပါးမှုကြောင့် သော်လည်း ကောင်း အခြားနိုင်ငံ၏ တရားဝင် သယံ ဇာတမျိုးစိတ်အဖြစ် ကြေညာခံရကာ မိမိတို့နိုင်ငံ၏ သယံဇာတ အရင်းအမြစ် များ ဆုံးရှုံးသွားသည့် အတွေ့အကြုံများ ကို တင်ပြသွားလိုပါသည်။

 
မြန်မာနိုင်ငံတွင်ရှိသော၊ ယခင်က ရှိခဲ့သော ဆန်မျိုးများ၊ ဥပမာ သလေး ဆန်၊ မုယောဆန်၊ ကောက်ညှင်းနက်၊ ဖြူ။ ပုသိမ်ပေါ်ဆန်းမွှေး၊ အစရှိသည် ဆန်မျိုးစိတ်ပေါင်း မြောက်များစွာကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဝင်းတွင်း မျိုးစေ့ဘဏ်တွင် အအေးပေးစနစ်ဖြင့် ထိန်းသိမ်းထားရှိသည်။ ၎င်းတို့၏  DNA gene sequence mapping များ၊ ဗီဇ အနေအထားများကို စနစ်တကျမှတ်ပုံ တင်ထားပြီး ဖြစ်သည်။ ထိုမှတစ်ဆင့် ပြန်လည် မျိုးပြန့်ပွားစေနိုင်ပါသည်။

 
သို့သော် မြန်မာနိုင်ငံရှိ ရေချိုရေငန် ငါးများ၏    DNA gene sequence များကို စနစ်တကျ ထိန်းသိမ်းထားနိုင်ခြင်း မရှိသေးပါ။ (ဝန်ကြီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်သင့်သည့် ကိစ္စ တစ်ရပ် ဖြစ်ပါသည်။)ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံအထိမ်း အမှတ်သင်္ကေတကို အမျိုးမျိုးသော အဓိပ္ပာယ်ဖြင့် ဖော်ညွှန်းလေ့ရှိသည်။ ထိုသို့ ဖော်ညွှန်းကြရာတွင် ယဉ်ကျေးမှု၊ နှင့် သမိုင်းနောက်ခံ အကြောင်းအရာများ ကိုလည်း ဖော်ညွှန်းကြလေ့ရှိသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် နိုင်ငံ၏ တရားဝင် သင်္ကေတ များ အတော်များများ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

 
အလံများ၊ သင်္ကေတများ၊ အထိမ်း အမှတ် ကျောက်တိုင်များနှင့် နိုင်ငံတော် ၏ သူရဲကောင်းများလည်း ပါဝင်သည်။ ထို့ပြင် နိုင်ငံတော် အထိမ်းအမှတ် တိရိစ္ဆာန် များ၊ ငှက်များ၊ ပန်းမန်များနှင့် သစ်ပင် များလည်း ပါဝင်သည်။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသ သည် ကဝက်ကင်းဆိုသည့် ငါးသလောက် မျိုးမှာ မိမိတို့ငယ်ရွယ်စဉ်ကတည်းက ပေါကြွယ်ဝလှသည့် ငါးသယံဇာတတမျိုး ဖြစ်သည်၊ ယခုအချိန်အထိလည်း ပေါ များစွာ ရှိနေပါသည်။

 
မိမိအိန္ဒိယနိုင်ငံတွင် ငါးသလောက် ငါးလုပ်ငန်းစီမံခန့်ခွဲ ထိန်းသိမ်းစောင့် ရှောက်ရေး အလုပ်ရုံ တက်ရောက်စဉ်က အတွေ့အကြုံအရ ငါးသလောက် မျိုး ၃ မျိုး တွေ့ရှိရသည်။ Hilsa ilisha, Hilsa keele နှင့်  Hilsa toil ဟူ၍ ဖြစ်ပါသည်။ ထိုအထဲတွင်  Hilsa keele နှင့် Hilsa toil  ငါးသလောက်မျိုးတို့မှာ ပင်လယ် မျိုးစိတ် များ ဖြစ်သည်။ အခြား မျိုးစိတ်တမျိုးမှာ Tenolusailisha  ဖြစ်ပြီး Hilsa ilisha  နှင့် အတော်ဆင်တူသည်။  H. lishaမှာ ကိုယ်ခန္ဓာတွင် အစက်အပြောက်မပါရှိပါ။ ခန္ဓာကိုယ် ချောမွတ်ပြီး၊ Tenulosailisha မှာ ရှည်မြောမြော အကွက် ၆ ခုမှ ၇ ခုခန့် ပါရှိပါသည်။ ထိုငါးသလောက်အုပ်ကြီးကို အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ သုံးနိုင်ငံလုံးပိုင်ဆိုင်သည်ဟု သိရပါသည်။

 
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အထက်ပါငါးသလောက်  H. ilisha ကို နိုင်ငံတော်ငါးအဖြစ် ကြေညာခဲ့ပါသည်။ သို့အတွက် မြန်မာနိုင်ငံသည် မိမိတို့နိုင်ငံ၏ ပေါများကြွယ်ဝသည့် ငါးသယံဇာတကို မိမိတို့ နိုင်ငံတော်ငါးအဖြစ် ကြေညာနိုင်ခွင့် ဆုံးရှုံးခဲ့ရပါသည်။

 
နောက်ဥပမာတစ်ခုမှာ သစ်ခွဟုဆိုလျှင် အရှေ့တောင်အာရှနိုင်ငံများသည် ထိုင်းနိုင်ငံကို လက်ညှိုးထိုးပြ ပေလိမ့်မည်။ အမှန်မှာ မြန်မာနိုင်ငံ၏ သစ်ခွမျိုးစိတ်အတော်များများသည် တရားမဝင်သော နည်းအရ နိုင်ငံခြားသို့ ရောက်ရှိသွားသည်။
ထိုနိုင်ငံများက တစ်ရှုးမျိုးပွားနည်းဖြင့် မျိုးပွားကာ နိုင်ငံရပ်ခြားသို့ရောင်းချကာ စီးပွားဖြစ်ရုံမက၊ နိုင်ငံခြားတွင်ပါ သစ်ခွထုတ်လုပ်ရောင်းချသော တိုင်းပြည်အဖြစ် နာမည်ပါရရှိလာပါသည်။

 
သစ်ခွနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံကို ပြေးမြင်ဖို့ဝေးစွ သစ်ခွမျိုးစိပ်များပေါများသည့် နိုင်ငံဖြစ် သည်ကို သိနိုင်ရန်လွန်စွာ အလှမ်းဝေးလှချေ၏။တစ်ခါ စိုက်ပျိုးရေးမှ မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ တစ်ခါကလည်း ဂျပန်နိုင်ငံမှ ပညာရှင်တစ်ဦး ဂျင်းမျိုးစိတ်တစ်မျိုးတွေ့ရှိသွားကာ မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်သွားပြီး ဂျပန်နိုင်ငံသို့ သယ်ဆောင်သွာကာ ပြန်လည်မျိုးပွားကာ ဂျပန်နိုင်ငံ၏ ဂျင်းမျိုးစိတ်အဖြစ် ကြေညာလိုက်သောကြောင့် မြန်မာနိုင်ငံ၏ သယံဇာတမျိုးစိပ် ဆုံးရှုံးခဲ့ဖူးကြောင်း ပြောပြခဲ့ဖူးပါသည်။
သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ခြင်းသည် ဒေသတိုးတက်ဖွံ့ဖြိုး မှုကို ဖြစ်စေမည်။

 
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်သည်။ ဒေသခံများဝင်ငွေ တိုးလာမည်။ ကိုယ့်ဒေသကိုယ် ထိန်းသိမ်းစောင့်ရှောက်နိုင်လာမည် ဖြစ်သည်။တဖက်တွင်လည်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်သူများ အလေးအနက်ထား ဂရုပြုရမည် ကိစ္စတစ်ခု ရှိနေပါသည်။ယင်းမှာ ဒေသမျိုးစိတ်များ မဆုံးရှုံးရေး ဖြစ်သည်။
အပေါ်တွင် မျှဝေခဲ့သည့် ဥပမာများ ဒေသမျိုးစိပ်ဆုံးရှုံးခဲ့သည့် နမူနာများပင် ဖြစ်ပါသည်။
ဧည့်သည်များအပေါ် ဝန်ဆောင်မှု ပေးခြင်းနှင့် ဒေသမျိုးစိပ်များကို ထိန်းသိမ်းရေး စည်းမျဉ်းစည်း ကမ်းများကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား ပြတ်ပြတ်သားသားဖြစ်အောင် ပါဝင်ပတ်သက်သူအားလုံး ကြိုးစားသင့်ပါသည်။ ယင်းမှာ မြန်မာနိုင်ငံ၏ ဒေသမျိုးစိတ်များ မဆုံးရှုံးစေရေးပင် ဖြစ်သည်။