ပုဂ္ဂလိကကျောင်းသား မြိတ်အများဆုံး

0
416

ယခုနှစ် ပညာသင်နှစ်တွင် တိုင်း အတွင်းရှိ ပုဂ္ဂလိကကျောင်းများတွင် ကျောင်းသား သုံးထောင်ခန့် ပညာ သင်ကြားလျက်ရှိပြီး မြိတ်မြို့နယ်တွင် အများဆုံးကြောင်း တိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။


တိုင်းအတွင်းရှိ ပုဂ္ဂလိကကျောင်း ၅ ကျောင်းတွင် ထားဝယ်မြို့နယ်တွင် ၁၀၄ ဦး၊ မြိတ်မြို့နယ်တွင် ၂၇၆၁ ဦးနှင့် ကော့သောင်းမြို့နယ်တွင် ၁၃၄ ဦး စုစုပေါင်း ၂၉၉၉ ဦး ရှိကြောင်း ယင်းရုံး ထံမှ သိရသည်။” အစိုးရစစ်ဖြေရမယ့် အတန်း တွေကတော့ စာစစ်ဦးစီးဌာနက သတ် မှတ်တဲ့ စာစစ်ဌာနမှာပဲ ဖြေရမယ်။ ကျန်တဲ့အတန်းတွေကတော့ ကိုယ်ပိုင် မေးခွန်း မေးခွင့်ရှိတယ်” ဟု တိုင်းပညာ ရေးမှူးက ပြောသည်။

 
နိုင်ငံတကာ စံမီသည့် သင်ကြား ရေးစနစ်ဖြင့် သွားရန်အတွက် သင်ကြား ရေး ဆရာရှားပါးသည့် အခက်အခဲ ရှိလာကြောင်း ထားဝယ်မြို့တွင် ဖွင့် လှစ်ထားသည့် ပညာဥယျာဉ် ကိုယ်ပိုင် အထက်တန်းကျောင်းမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဇော်ဟိန်းက ဆို သည်။
တိုင်းအတွင်း ကိုယ်ပိုင် ကျောင်း များကို ထားဝယ်မြို့နယ်တွင် ၁ ကျောင်း၊ မြိတ်မြို့နယ်တွင် ၂ ကျောင်းနှင့် ကော့သောင်းမြို့နယ်တွင် ၂ ကျောင်း ဖွင့်လှစ်ထားသည်။