သက်ငယ်မုဒိန်းအား ကြီးလေး ပြစ်ဒဏ်ပေးရေး တောင်းဆို

0
506

မြိတ်မြို့ ကမ်းနားလမ်းတွင် ဇန်နဝါရီလ ၃ ရက် မွန်းလွှဲ ၄ နာရီခန့်က သက်ငယ်မုဒိန်းမှု ကျူးလွန်သူများအား ကြီးလေးသော ပြစ်ဒဏ်ပေးရေး တောင်း ဆိုမှု ပြုလုပ်ခဲ့သည်။


” အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု အမျိုးမျိုး ပပျောက်ရေး၊ သက် ငယ်မုဒိန်းမှုအား ကြီးလေးသော ပြစ် ဒဏ်ပေးရေး လူထုချီတက်ပွဲ “ဟု  အမည် ပေးထားသည့် အဆိုပါ ချီတက်ပွဲကို အမျိုးသမီးသမဂ္ဂနှင့် သွေးချင်းသစ္စာ လူမှုကွန်ယက်တို့မှ ပူးပေါင်းပြီး ပြုလုပ် ခြင်း ဖြစ်သည်။

 
လူအင်အား ၃၀ ကျော်ဖြင့် မြိတ် ကုန်တိုက်ရှေ့မှ Goody စားသောက် ဆိုင်အထိ အသွားအပြန် ချီတက်ခဲ့သည်။
” သက်ငယ်မုဒိန်းတွေက အရမ်း ပေါလာပြီး အမျိုးသမီး အကြမ်းဖက် ကိစ္စတွေ အများကြီး ရှိလာတယ်” ဟု ယင်းပွဲဦးဆောင်သူ တစ်ဦးဖြစ်သူ မြိတ်မြို့နယ် အမျိုးသမီးသမဂ္ဂအဖွဲ့ဝင် ဒေါ်မြင့်ဇူလိုင်ထံမှ သိရသည်။
မုဒိန်းမှုနှင့် ပတ်သက်ပြီး ပြစ်ဒဏ် တွေက နည်းနေသည်ဟု ယူဆသည့် အတွက်  လူထုချီတက်ပွဲကို ပြုလုပ်ရခြင်း ဖြစ် ကြောင်း ဒေါ်မြင့်ဇူလိုင်က ပြောပြသည်။ယင်း ချီတက်ပွဲတွင် သက်ငယ် မုဒိန်း မှုများအတွက် အုပ်ထိန်းသူများနှင့် ကလေး များ သတိပြုရန် အချက်အလက်များပါ စာရွက်များကို ဖြန့်ဝေခဲ့သည်။

 
အရွယ်မရောက်သေးသော ကလေး သူငယ်များအား အကြမ်းဖက်မှု ပပျောက် ရေး၊ အကြမ်းဖက်မှု မခံရအောင် အမျိုး သားများ၏ ပူးပေါင်းပါဝင်မှု မြှင့်တင် ရေး၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ရပ်တန့်ရေး၊ အကြမ်းဖက်မှု မခံရအောင် ထိရောက်သော ဥပဒေ အကာအကွယ်ရရှိရေး စသည့် ဗွီနိုင်းဆိုင်းဘုတ်ကိုင်ဆောင်ပြီး ချီတက် ခဲ့ကြသည်။