ဆရာဆရာမနှင့် ရုံးဝန်ထမ်း ပါဝင်သည့် အားကစားပြိုင်ပွဲ ပြန်လည် ကျင်းပ

0
564

ကော့သောင်းမြို့နယ် ပညာရေး စုံညီပွဲ အထိမ်းအမှတ်အဖြင့် ဆရာ ဆရာမများနှင့် ရုံးဝန်ထမ်းများ ပါဝင် သည့် အားကစားပြိုင်ပွဲအား လွတ်လပ် ရေးနေ့က ပြန်လည် ကျင်းပခဲ့ကြောင်း သိရသည်။


ယခင် ပညာသင်နှစ်များက ကျောင်းသူကျောင်းသားများအတွက်သာ အားကစားပြိုင်ပွဲ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ပညာရေးဝန်ထမ်းအားလုံး ယှဉ်ပြိုင်သည့်ပွဲအဖြစ် ပြန်လည် ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ” ခုလို ဆရာဆရာမတွေရော၊  ကျောင်းသားကျောင်းသူတွေပါ တစ်စုတစ်စည်းတည်း ကစားတာ မြင်ရ တော့၊ ကစားရတော့ နွေးထွေးမှု တွေလဲ ဖြစ်တယ်၊ အလုပ်ထဲ စိတ်ရှုပ်နေတာ တွေလဲ ခဏပြေ သွားတာပေါ့၊ အနိုင် အရှုံး အဓိက မဟုတ်ပါဘူး ” ဟု ထုပ် စည်းထိုးပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင် နေသည့် ရုံးဝန်ထမ်း တစ်ဦး ဖြစ်သူ မမေဇင်မိုးက ပြောသည်။

 
အဆိုပါ အားကစားပြိုင်ပွဲတွင် အမျိုးသား ဘော်လီဘောနှင့် အမျိုးသမီး ထုပ်စည်းထိုး နှစ်မျိုးသာ ယှဉ်ပြိုင် ခဲ့ကြပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ကျောင်းပေါင်းစုံမှဆရာ ဆရာမများမှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။

 
ပညာရေးစုံညီ အားကစား ပြိုင်ပွဲ အား အထက ၁ ကျောင်းကွင်းတွင် ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်၊ ၅ ရက် ကျင်းပ ခဲ့ကြသည်။
ယခုကဲ့သို့ ဆရာဆရာမများနှင့် ပညာရေး ဝန်ထမ်းများအတွက် အားက စားပွဲ မကျင်းပ ဖြစ်သည်မှာ နှစ် အတန်ကြာပြီဖြစ်ကြောင်း သိရသည်။