ဖိတ်စာနှင့်တကွ ပါလာသည့် ဖုန်းကို ကိုယ်စားလှယ်များ လက်မခံ

0
500

မြိတ်မြို့ ကမ်းနားလမ်းရှိ ဇန်နဝါရီ လ ၇ ရက်တွင် ပြုလုပ်သည့် Sea View Condo အရောင်းပြခန်း ဖွင့်ပွဲဖိတ်စာနှင့် တကွပါလာသည့် ဖုန်းများကို လွှတ်တော် ကိုယ်စားများ လက်မခံခဲ့ကြောင်း ယင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုးပိုင်ဋ္ဌေးထံမှ သိရသည်။


Sea View Condo  ၏ အရောင်း ခန်းမနှင့် Member Card များ စတင် ရောင်းချခြင်း အခမ်းအနား ဖွင့်ပွဲတွင် ယင်းဖိတ်စာနှင့်အတူ Vivo တံဆိပ်ပါ စမတ်ဖုန်း များပါရှိလာခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ချို့မှ သိရသည်။
ဖုန်းပါလာမှန်း သိသည်နှင့် ကျန်သည့် ကိုယ်စားလှယ်များကို  ချက်ချင်းအကြောင်း ကြားပေးခဲ့ကာ Condo မှ ဖိတ်စာ ဖိတ် သူကို ဖုန်းများ ပြန်ပေးခဲ့ကြောင်း ဦးစိုးပိုင်ဋ္ဌေးက ပြောသည်။

 
အဆိုပါ ကွန်ဒို အရောင်းပြခန်း ဖွင့်ပွဲသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါ အဝင်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် များလည်း တက်ရောက်ခဲ့သည်။