ရေဖြူလှေပြိုင်ပွဲဆုများကို ကျောက်ထောင့်နှင့် ပုလဲကူအသင်းများ သိမ်းပိုက်

0
335

ထားဝယ်မြစ်အတွင်း ကျင်းပသည့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် ဆုများကို ကျောက်ထောင့်နှင့် ပုလဲကူ ကျေးရွာ အသင်းများက ရရှိခဲ့သည်။၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရေဖြူမြို့နယ်တွင် ကျင်းပသည့် မြန်မာ့ရိုးရာလှေလှော်ပြိုင် ပွဲကို ကျား ၉ တက်ပြိုင်ပွဲ၊ ကျား ၇ တက်ပြိုင်ပွဲ၊ အမျိုးသမီး ၇ တက်ပြိုင်ပွဲ နှင့် အထူးပွဲ စသဖြင့် ပြိုင်ပွဲ အမျိုး အစားများခွဲကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။


အမျိုးသား ၉ တက် ပြိုင်ပွဲနှင့်  ၇ တက်ပြိုင်ပွဲများတွင် ကျောက်ထောင့် ကျေးရွာအသင်းက ပထမ၊ ပုလဲကူ ကျေးရွာအသင်းက ဒုတိယ ရရှိခဲ့ပြီး အမျိုးသမီး ၇ တက်ပြိုင်ပွဲတွင် ပုလဲကူ ကျေးရွာအသင်းက ပထမနှင့် ကျောက် ထောင့်ကျေးရွာအသင်းက ဒုတိယရရှိခဲ့ ကြောင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီ ထံမှ သိရသည်။
ပြိုင်ပွဲကို အမျိုးသား ၉ တက် ၁၁ သင်း၊ အမျိုးသား ၇ တက် ၁၄ သင်း နှင့် အမျိုးသမီး ၇ တက် ၅ သင်း အပြင် အထူးပွဲအဖြစ် အမျိုးသား ၁၁ တက် အသင်း ၂ နှစ်သင်း ယှဉ်ပြိုင်ခဲ့ကြသည်။လှေပြိုင်ပွဲကို ဇန်နဝါရီလ ၃  ရက် နှင့် ၄ ရက်တွင် ကျင်းပခဲ့ပြီး ရေဖြူ မြို့နယ်အတွင်းရှိ ကျေးရွာအသင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။