ယာဉ်ထိန်းရဲများ ယူနီဖောင်းဝတ်ပြီးမှ စည်းကမ်းပျက်ယာဉ် ဖမ်းရမည်

0
401

စည်းကမ်းဖောက်ဖျက်သည့် ယာဉ် များကို ဖမ်းဆီးသည့်အချိန်တွင် ယာဉ် ထိန်းရဲများ ထင်သာမြင်သာရှိသည့် ယူနီဖောင်းဝတ်ဆင်ကာ ဖမ်းဆီးရမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။


ရပ်ကင်းဖြင့် ရပ်တန့် ဖမ်းဆီးချိန် တွင် ရာသီဥတု အခြေအနေအရ ဝတ် ဆင်ခြင်း မဟုတ်ဘဲ နွေရာသီ၌ မိုးကာ အင်္ကျီ ဝတ်ဆင်ကာ ဖမ်းဆီးခြင်းမျိုးကို ခွင့်မပြုထားဟု တိုင်းရဲတပ်ဖွဲ့မှူးက ဆို သည်။” သဘာဝ ရာသီဥတုနဲ့ မကိုက်ညီ ဘဲ ဝတ်ဆင်ပြီး ဖမ်းတာမျိုးကို လက်မခံ ပါဘူး” ဟု ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုး က ပြောသည်။

 
သို့ရာတွင် လမ်းပြောင်းပြန် မောင်း နှင်သူများကဲ့သို့ စည်းကမ်း ဖောက် ဖျက်သူများကို ဖမ်းဆီးနိုင်ရန်အတွက်မူ ယင်းကဲ့သို့ မထင်မရှားအသွင်ဖြင့် လိုက် ဖမ်းရန် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။ယင်းကဲ့သို့ ယာဉ်စည်းကမ်းဖောက် ဖျက်သူများကို ဖမ်းဆီးသည်ကို နားလည် လက်ခံသော်လည်း ယာဉ်ထိန်း ရဲယူနီ ဖောင်း မမြင်စေရန် ပုံဖျက်ဝတ်ဆင်ထား ခြင်းမျိုး မဖြစ်သင့်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

 
” လိုက်ဖမ်းတဲ့သူက ယာဉ်ထိန်း လား အပြင်လူလား ကွဲကွဲပြားပြား မသိတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ် ” ဟု အဆိုပါ အမျိုး သားကပြောသည်။ဒီဇင်ဘာလ ၉ ရက်မှ ၁၄ ရက်အထိ ၆ ရက်တာ ကာလအတွင်းဆိုင်ကယ် ဦးထုပ်မဆောင်းခြင်း၊ နံပတ်ပြားမပါခြင်း အစရှိသည့် စည်းကမ်းပျက်ဆိုင်ကယ် ၁၁၆ စီးကို အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။