အတွေး လည်ပြန်

0
488

ဘ၀မှာ လူငယ်တွေက အကောင်း အဆိုးကို သိမြင်ပါလျက်နဲ့ အဆိုးဘက်ကို ဦးတည်လျှောက်လှမ်း နေတတ်ကြတယ်။
လူငယ်တွေ အားလုံးကို ဆိုလိုခြင်း တော့ မဟုတ်ပါဘူး။ လူငယ်တွေဆိုတာ လူငယ်ပီပီ စိတ်မြန်လက်မြန်ရှိတော့ ပြောင်းလဲမြန် ကြတယ်လေ။ တချို့ လူငယ်တွေကတော့ မကောင်းတဲ့ အမူ အကျင့်တစ်ခုကို လုပ်နေမိတယ်ဆိုတာ သတိရှိ ကြတယ်။ သို့သော် အကောင်း ဘက်ကို ပြုပြင်ပြောင်းလဲဖို့ အချိန်ရှိပါ သေးတယ် ဆိုတဲ့အသိနဲ့ ဆက်မှားနေကြ တာပါ။


ဥပမာ- ဆေးလိပ်သောက်နေတဲ့ လူငယ်တစ်ယောက်က ဆေးလိပ်ဖြတ်ဖို့ အချိန်ရှိပါသေးတယ်ဆိုပြီး ဆက်သောက် နေခြင်း မျိုးပေါ့။ ပထမဆုံးအနေနဲ့ စာဖတ်သူတွေကို အသိပေးချင်တာက ကျွန်တော်ပါးလိုက်ချင်တဲ့ ဆောင်းပါး ဟာ ကျွန်တော့်အတွေ့အကြုံတွေကို အဓိက အခြေခံထားတယ်ဆိုတာပါ။ ဒါကြောင့်မို့ သဘောထား မတိုက်ဆိုင်မှု တွေရှိရင် နားလည်ပေးစေချင်ပါတယ်။
လူငယ်တစ်ယောက်ဟာ အပြောင်း အလဲ မြန်တတ်ပါတယ်။ ကျွန်တော် ငယ်ငယ်က အရောင်တွေမှာဆို အဖြူ ရောင်တစ်ခုတည်းကို သိပ်ကြိုက်တယ်။ အသက် နည်းနည်းကြီးလာတော့ အဖြူရောင်အပြင် အနက်ရောင်ကိုပါ ကြိုက်တတ်လာတယ်။  ဒါပေမဲ့ သတိ ထားမိလာတာက အဖြူနဲ့ အနက်ဟာ ဆန့်ကျင်ဘက် သဘောသဘာဝ ရှိတယ်။

 
သို့သော် အခုထိတော့ ဘာလို့ ဆန့်ကျင်ဘက်ရှိနေတဲ့ အရာနှစ်ခုကို သဘောကျသလဲတော့ စဉ်းစားလို့ မရပါဘူး။ ထို့ အတူပါပဲ ခပ်ငယ်ငယ်က အရွယ်ရောက်လာရင် ဘုန်းကြီးလုပ်ဖို့ သိပ်ကိုဝါသနာထုံခဲ့ဖူးတယ်။ အခြေခံ ပညာ အလယ်တန်းအဆင့်ကို ရောက် လာတော့ စစ်ဗိုလ်တစ်ယောက် ဖြစ်ချင် လာပြန်တယ်။

 
နောက်ပြီးအထက်တန်း ကျောင်းသား တစ်ယောက်ဘ၀ကို ရောက်လာတော့ စစ်ဗိုလ်ဆိုတဲ့သူတွေကို ကြည့်လို့မရတဲ့ စိတ်တွေ ဖြစ်လာပြန်တယ်။ ဆိုလိုချင် တာက လူငယ်တွေဟာ တစ်ခါတစ်လေ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အရာတွေပေါ် တစ်လှည့်စီ ဖြစ်ချင်နေတတ်ကြတယ်။

 
ဘ၀မှာ စာအုပ်စာပေတွေနဲ့ အဦး ဆုံး ထိတွေ့ခွင့်ရလိုက်ကတည်းက တက် ကျမ်း စာအုပ်တွေနဲ့ ထိတွေ့ခဲ့ရတယ်။ မိဘတွေဆီက အများဆုံးရလိုက်တာလည်း ဘ၀ အတွက် တိုးတက်ရာ တိုးတက် ကြောင်း တက်ကျမ်းကြီးတွေပါပဲ။ ခက် တာက ဘ၀မှာ အခက်အခဲတွေ ကြုံလာ ရင် ပြဿနာတစ်စုံတစ်ခုနဲ့တွေ့လာရင် ဘယ်လို ရင်ဆိုင်မလဲဆိုတာ သိပါလျက် တကယ် လက်တွေ့မှာ နည်းလမ်းကျကျ မဖြေရှင်းနိုင်ခဲ့ခြင်းပါပဲ။

 
မပြုပြင်နိုင်ခဲ့သေးတာတွေ ရှိနေပေ မဲ့ပြုပြင် ပြောင်းလဲနိုင်ခဲ့တာတွေကို မျှဝေ ပါရစေ။
နည်းပညာတက္ကသိုလ် ကျောင်းသား ဘ၀မှာ အနာဂတ်မရှိ ဦးတည်ရာမရှိ လေလွင့်ခဲ့ဖူးတယ်။ မှတ်မှတ်ရရ ကျွန်တော် ပထမနှစ်( A.G.T.I First Year)  ဒုတိယနှစ် (A.G.T.I Second Year) ကျောင်းသားဘ၀မှာ ကျောင်းချိန်အတွင်း ထန်းရည်ဗူးကို လွယ်အိတ်ထဲထည့်သောက် ဖူးတယ်။ ကျောင်းပတ်ဝန်းကျင်ကလည်း ထန်းရည်ဆိုင်တွေနဲ့ ဝိုင်းထားသလိုမျိုး ဖြစ်နေတာကိုး။ ဟုတ်တယ် ကျွန်တော် သိပ်မှားခဲ့တယ်။
ဒါပေမယ့် ကျွန်တော်ရဲ့ အသိစိတ် မှာ ကိုယ့်အပေါ် လူဆိုးလူမိုက်တစ်ယောက် လို အမြင်ခံရမှာလည်း အလေးမမူနိုင်ဘူး ဆိုတာပါ။ ဘာအာမခံချက်မှ မရှိတဲ့ ပညာရေးစနစ်ကို အရွဲ့တိုက်မယ်ဆိုတဲ့ မှားယွင်းတဲ့ ခံယူချက်တွေကြောင့်လည်း ပါမှာပေါ့။ ကံကောင်းတာက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ” ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ” ဆို တာ ပေါ်ပေါက်လာခဲ့ခြင်းပါ။ ဆိုးရွား လှတဲ့ ပညာရေးစနစ်တစ်ခုကို ဆန့်ကျင် ပြောင်းလဲပစ်ဖို့ ကျောင်းသားသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ကျွန်တော် သိပ် သဘောကျတယ်။ ဒီတော့ သိပ်မကြာ ပါဘူး။ ကျွန်တော်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တယ်။

 
စိတ်ထဲမှာ “သမဂ္ဂဟာ အမိသမဂ္ဂ ဟာ အဖ ” ဆိုတဲ့ စိတ်တွေ ပေါက်ဖွားလာ တော့ မူးရူးလေလွင့်ချင်တဲ့ စိတ်တွေကို ထိန်းချုပ် ပြောင်းလဲပစ်နိုင်ခဲ့တယ်။ မကောင်းတဲ့ ပညာရေးစနစ်ကို ကျောင်းသား တစ်ယောက်အနေနဲ့ အရွဲ့တိုက်နေမယ့် အစား စနစ်ကျကျ ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းလာခြင်းက ကျောင်းသားသမဂ္ဂက ပေးလိုက်တဲ့ ဆုလာဒ်ကောင်းတစ်ခုပါပဲ။

 
သမဂ္ဂမှာ ကျရာနေရာကနေ တာဝန် ထမ်းဆောင်နေတဲ့ကာလမှာ လူကောင်း တစ်ယောက်ရဲ့ အမူအကျင့်တွေရဖို့ အမြဲ တမ်းသတိရှိရှိ ကြိုးစားခဲ့မိတယ်။ ဆိုလို တာက ကျွန်တော်တို့ လူငယ်တွေဟာ တာဝန်နဲ့ ဝတ္တရားကို နားလည်နိုင်တဲ့ လူထဲက လူတွေပါ။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ ထားဝယ်လူငယ်တချို့ တွေ့ဆုံပွဲ လေးတစ်ခုမှာ လွှတ်တော်ဥက္ကဋ္ဌက လူငယ်တွေ အနာဂတ်ပျောက်နေကြတဲ့ အကြောင်း၊ လူငယ်တွေက မူးယစ်ဆေး၊ အရက်၊ ဘီယာဆိုင်တွေမှာပဲ အချိန်ကုန် နေတဲ့အကြောင်း ပြောတယ်။ အဲဒီတွေ့ဆုံ ပွဲ လေးမှာ ကျွန်တော်အနေနဲ့ ဆွေးနွေးဖြစ် တာက ဒါဟာ ပညာရေးစနစ်ရဲ့ စနစ်မကျ တဲ့ အားနည်းချက်တွေကြောင့်လည်း ပါတယ်ဆိုတဲ့ အကြောင်းတွေပါ။

 
နိုင်ငံတကာက ကျောင်းသားလူငယ် တွေဟာ တာဝန်သုံးခုနဲ့ ဘ၀ကို ရင်ဆိုင် နေကြ၊ နိုင်ငံကို အလုပ်ကျွေးပြုနေတဲ့ အချိန်မှာ မြန်မာ ကျောင်းသားလူငယ် တော်တော်များများဟာ ဘွဲ့လက်မှတ် ဆိုတဲ့ စက္ကူဖြူအနောက်ကို ပေါ့ပေါ့ ပါးပါးလိုက်ပြီး လေလွင့်နေခွင့်ရတယ်။ ပြီးခဲ့တဲ့ လတုန်းက ဖင်လန်(Findland) နိုင်ငံ၊ Helsinkiတက္ကသိုလ်က သမဂ္ဂ ကျောင်းသားတစ်ယောက် ထားဝယ်ကို လာလည်တုန်း စကားပြောဖြစ်ကြတယ်။ သူတို့ဆီမှာ အစိုးရပညာရေးဟာ မွေးက တည်းကနေ သေတဲ့အထိ အခမဲ့ပါပဲတဲ့။ ပြီးတော့ သူတို့ ကျောင်းသားလူငယ်တွေ မှာ တာဝန်သုံးခု ရှိတယ်။ အဲဒီတာဝန် သုံးခုက သူတို့လေ့လာမယ်၊ အလုပ်လုပ် မယ်၊ အိပ်(အနားယူ)မယ် ဆိုတာပါပဲ တဲ့။

 
ကျွန်တော်က ” ခင်ဗျားတို့နိုင်ငံက ကျောင်းသားလူငယ်တွေ ဘာလို့များ အဲလောက်ထိလေ့သင်ယူချင်စိတ် ပြင်း ထန်ကြသလဲ ” လို့ မေးတော့၊ သူတို့ ကျောင်းသားတွေမှာ လေ့လာရင် လေ့လာ တဲ့အတွက် အစိုးရက ပိုက်ဆံပေးထား တယ်တဲ့လေ။ သူအခု မြန်မာပြည်ကို လာလည်တာလည်း အိမ်က မိဘတွေ မှာ ပိုက်ဆံ မတောင်းရဘူးတဲ့။ သူလေ့ လာသင်ယူလို့ရထားတဲ့ ပိုက်ဆံနဲ့ နိုင်ငံတကာကို လည်ပတ်လို့ရတယ်လို့ ဆိုတယ်။ ဘယ်လောက်ကောင်း လိုက် သလဲဗျာ။ ကျွန်တော် တွေးမိတယ်။ အဲလို စနစ်မျိုးသာ ကျွန်တော်တို့နိုင်ငံမှာ ရှိရင် ကျွန်တော်တို့ နိုင်ငံက လူငယ်တွေလည်း ဘ၀မှာ ပန်းတိုင်ဆိုလို့ ရေရေရာရာ မရှိ၊ အနာဂတ်ဆိုတာကိုလည်း ချက်ကျ လက်ကျ ပုံမဖော်နိုင်၊ စိတ်အလိုမကျ  မူးယစ်သောက်စား အချိန်ကုန်ခံနေကြမှာ မဟုတ်ဘူး။

 
ကျွန်တော်တို့မှာ ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ဖို့လည်း အခွင့်အရေး ကောင်းမရှိ၊ ကိုယ်လေ့လာသင်ယူချင် တာတွေကိုလည်း လေ့လာသင်ယူခွင့် မရတော့တခါတလေမူးတတ်တဲ့ အရိပ် အာဝါသ တွေဆီ ခြေဦးတည့်တည့်သွား တာပေါ့ဗျာ။
တချို့လူငယ်တွေကတော့ စိတ်ကို ထိန်းချုပ်ပြီး ဘ၀အတွက် အကောင်းဆုံး ဖန်တီးတဲ့နေရာမှာ သိပ်ကို ခံနိုင်စွမ်းရှိကြ ပါတယ်။ စိတ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သိပ်တော်တယ်လို့ ဆိုရမှာ ပေါ့။ ကျွန်တော့်အထင် သူတို့မှာ သည်းခံ နိုင်စွမ်း ရောင့်ရဲနိုင်စွမ်းဆိုတဲ့ အထုံပါရမီ ရှိနေလို့ဖြစ်မယ်။ အရင်ကတော့ ကျွန်တော် တွေးမိတယ်။ လူတစ်ယောက်နဲ့ တစ် ယောက် စိတ်အရင်းခံချင်းမတူကြတာ ယူဆပုံချင်း မတူညီတာတွေဟာ မိမိကျင် လည်ရာ ပတ်ဝန်းကျင် မိမိလေ့လာဖတ်ရှု ခဲ့ရတဲ့ စာအုပ်စာပေတွေနဲ့သာ သက်ဆိုင် တယ် ဆိုတာပါ။ စိတ်ကို ထိန်းချုပ်ပြုပြင် တဲ့နေရာမှာ ကျွန်တော်ဟာ အားနည်းချက် ရှိတဲ့ သူတစ်ယောက်လေ။

 
ဒါပေမဲ့ ပတ်ဝန်းကျင် မကောင်းခဲ့ လို့လည်း မဟုတ်သလို စာကောင်း ပေ ကောင်းနဲ့ လှမ်းဝေးခဲ့လို့လည်း မဟုတ် ပါဘူး။ စိတ်ဝိညာဉ်ကို ဘယ်လို ပြုပြင် ထိန်းချုပ်ရမယ်၊ နှလုံးသားကို ဘယ်လို သန့်စင်ရမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး အများကြီးဖတ်ရှု လေ့လာဖူးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ခံနိုင် ရည် ရှိဖို့၊ ကျင့်ကြံအားထုတ်ဖို့ အင်မတန် ခက်ခဲတယ်ဆိုတာ လူငယ်တွေ တော် တော်များများ ကြုံတွေ့နေခဲ့ရတယ်။

 
ခပ်ငယ်ငယ်က တက်ကျမ်းစာအုပ် တော်တော်များများဖတ်ဖူးသလောက် အသက် ၂၀ နောက်ပိုင်း သုတစာပေ အထက် ရသ စာပေတွေကို ပိုပြီးချစ် တတ်လာတယ်။ တက်ကျမ်းဆိုလို့ ကြေညာလိုက်ပါဦးမယ်။ အစ်ကိုတစ် ယောက်ဆီက တက်ကျမ်းစာအုပ် တစ် အုပ် လက်ဆောင်ရဖူးတယ်။ ဖတ်ဖူး တဲ့ အတက်ကျမ်းတကာ တက်ကျမ်းတွေထဲ မှာတော့ အကောင်းဆုံး တက်ကျမ်းလို့ ဆိုရမှာပဲ။
စာအုပ်က မူရင်းစာရေးဆရာ ရှောင်ကိုဗေး(Sean Covey) ရေးထားပြီး ဆရာကျော်ဝင်းက ” နှစ်ဆယ့်တစ်ရာစု သားရွှေဥ ” လို့ဘာသာ ပြန်ထားပါတယ်။ မူရင်းခေါင်းစဉ်က The 7 Habits of Highly Effective Teens  ပါ။

 

 

ရှောင်ကိုဗေးက ဆယ်ကျော်သက်တွေ အတွက် အဓိကရည်ရွယ်ပြီး ရေးသား ထားတာဆိုပေမယ့်  မြန်မာနိုင်ငံအနေ အထားနဲ့ဆိုရင် နှစ်ဆယ်ကျော်သက် တွေအတွက်ပါ ဖတ်သင့် ဖတ်ထိုက်တဲ့ စာအုပ်တစ်အုပ် ဖြစ်မယ်ထင်တယ်။
စာအုပ်မှာပါတဲ့ စွမ်းဆောင်ရည်မြင့် မားတဲ့ အမူအကျင့် (၇)ချက်ရဲ့ အခြေခံ သဘောတရားတွေကို ဖော်ပြရရင်ဖြင့်
၁။ တာဝန်ယူစိတ်( Be Proactive ) – ပြသနာတစ်ခုခုရှိလာရင် ” ငါ ဘာမှား နေလဲ ” ဆိုတာက စ  စဉ်းစားပါတယ်။ ပြီးမှ ကျန်တာတွေကို ဖြန့်တွေးတယ်။ ” ကိုယ့်ကိုယ်ကိုတော့ လွတ်စေ၊ သူများ ကိုတော့တရားခံ ” ဒါမျိုးမလုပ်ဘူး။ ကိုယ့်ကိုကိုယ် တာဝန်ယူတဲ့စိတ်။
၂။ ပစ်ကွင်းကို ချိန်ပစ် ( Begin with the End in Mind )- ငါဘာ ဖြစ်ချင်လဲ၊ ငါ့ရည်မှန်းချက် ဘာလဲ ဆိုတာကို ပထမဆုံး ပိုင်းဖြတ်တယ်။ မစ်ရှင် (Mission) စိတ်ဓာတ်ဖြစ်ပါတယ်။
၃။ အရေးကြီးတာ အရင်လုပ်( Put First Thing First) )- ကြုံသလို ကျပန်း မလုပ်ဘူး။ အစီအစဉ်ရှိရှိနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်တတ်တယ်။
၎။ သူ မနာ၊ ကိုယ် မနာဆက်ဆံရေး (Think Win-Win)- ကိုယ်နိုင်စေ၊ သူ ရှုံးစေ သဘောမထားပါ။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ” ကြားအဖြေ”  ကို နှလုံး သွင်းပါတယ်။
၅။ နားလည်မှုရှိ( Seek First to Understand , Then to be understood )-  ပထမဆုံး သူများကို နားလည်အောင် ကြိုးစားတယ်။ ကိုယ့်ကို လည်းသူများက နားလည်အောင် တံခါး ဖွင့် ထားတယ်။
၆။ လက်တွဲကြိုးပမ်း( Sပညနမါငဖန) – ငါတကော မလုပ်ဘူး။ အများနဲ့ လက်တွဲ ကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။
၇။ ကိုယ့်ကိုကိုယ် ပြန်သ  (Synergize)- ငါတံခါးကို ပိတ်မထားဘူး။ အတွေးသစ်၊ အမြင်သစ် တွေအတွက် အမြဲတံခါးဖွင့်ထားတယ်။ ကိုယ့်အသိ၊ ကိုယ့် အကျင့်ကို အမြဲချွန်မြ နေစေဖို့ မပြတ် ဒသဒ နေပါတယ်။
ကျွန်တော် အပါအဝင် ကျွန်တော်တို့ လူငယ်တွေ ဒီအမူအကျင့် (၇) ချက်မှာ ဘယ်နှစ်ချက်လောက် ကိုက်ညီနေကြပြီ လည်း ဆိုတာကို ဆန်းစစ်ပြီး ဘ၀ကို ရင် ဆိုင်ကျော်ဖြတ်ဖို့ လိုမယ်ထင်တယ်။
သို့သော် အပြောလွယ်ပြီး လက်တွေ့ မှာ ခက်ခဲတာမို့ ခံနိုင်ရည်ရှိဖို့တော့ လိုမှာ ပေါ့ဗျာ။ တကယ်တော့ အဲဒီခံနိုင်ရည် ရှိဖို့ဆိုတာကိုက မလွယ်တဲ့ အရာတစ်ခု ပါပဲ။