တနင်္သာရီတွင် ခေါင်းနှစ်လုံးပါ နွားတစ်ကောင်မွေး

0
441

တနင်္သာရီမြိုနယ် ကျောက်လုံးကြီး ကျေးရွာအုပ်စု ဘော့ဆနွင်းကျေးရွာ တွင် ဒီဇင်ဘာလ ၃၁ ရက်က ဦးခေါင်း နှစ်လုံးပါ နွားအမတစ်ကောင် မွေးဖွား ခဲ့ကြောင်း နွားမကြီးပိုင်ရှင် ကိုသက်ဇော် လင်းထံမှ သိရသည်။


ခေါင်းနှစ်လုံးပါး နွားမငယ်ကို နွားမကြီး၏ ပထမဆုံးကိုယ်ဝန်မှ မွေး ဖွားခြင်းဖြစ်ကာ မွေးဖွားပြီး တစ်နာရီ ခန့်အကြာတွင် သေဆုံးခဲ့ကြောင်း ကိုသက်ဇော်လင်းက ပြောပြသည်။” တနင်္သာရီပိုင်းမှာ ဒီလိုမျိုးတစ်ခါမှ မတွေ့ဖူး မကြားဖူးဘူး” ဟု ယင်းရွာ အနီးနေ သိမ်ပြင်ရွာနေ စောမြင့်စိုးက ပြောသည်။

 
အဆိုပါ ခေါင်းနှစ်လုံးပါ နွားအမ ငယ်ကို ထူးဆန်းသည်ဟုဆိုကာ ရွာအနီး နား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
” ဒါမျိုးက ဖြစ်ခဲပါတယ် တစ် သောင်းမှာ တစ်ကောင် လောက်ပဲရှိနိုင် မယ်” ဟု တနင်္သာရီမြို့နယ် မွေး ^ ကု ဦးစီးဋ္ဌာန တာဝန်ရှိ ဆရာဝန်တစ်ဦးက ပြောသည်။
သေဆုံးသော နွားအမကို မြေမြှုပ် ခဲ့ကြောင်း ကိုသက်ဇော်လင်းထံမှ သိရ သည်။