မော်လမြိုင်မြို့နယ်တွင် အခွင့်အရေး လိုင်စင် ရောင်းရငွေ ကျပ်သိန်း ၉၀၀၀ ကျော်

0
429

မော်လမြိုင်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်အတွက် မြို့နယ်အတွင်းရှိ အခွင့် အရေး လိုင်စင်များ လေလံတင် ရောင်း ချခဲ့ရာ ငွေကျပ် သိန်း ၉၀၀၀ ကျော်ရရှိ သည်ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။


မြို့နယ်စည်ပင်မှ နယ်မြေပျံကျ ဈေးကောက်လုပ်ငန်း၊ ဈေးတွင်းပျံကျ ဈေးကောက်လုပ်ငန်း၊ ယာဉ်ဝင်ကြေး ကောက်လုပ်ငန်း၊ သားသတ်လုပ်ငန်း၊ ကူးတို့လုပ်ငန်း၊ အပေါင်ဆိုင်လုပ်ငန်း၊ အခပေးအိမ်သာကောက်လုပ်ငန်း၊ ဈေးကောက်လုပ်ငန်းစသည့် အခွင့် အရေးလိုင်စင် ၉၃ ခုလေလံတင်ရောင်း ချခဲ့ပြီး လိုင်စင် ၈၄ ခုလေလံ အောင်ခဲ့ ကာ ငွေကျပ် သိန်းပေါင်း ၉၈၉၇ ဒသမ ၀၂ ရရှိခဲ့သည်။
” ဒီနှစ် လေလံရောင်းရငွေက ပိုများ ပါတယ်” ဟုမော်လမြိုင် မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အခွန်ဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်သန္တာက ပြောသည်။

 
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အခွင့် အရေးလိုင်စင် ကြမ်းခင်းဈေး သတ်မှတ် ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အခွင့်အရေးလိုင်စင် လေလံဈေးများ ထက် ၇ ရာခိုင်နှုန်းတိုးပြီး သတ်မှတ်ခဲ့ သည်ဟု ၎င်းက ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မော်လမြိုင်မြို့နယ်အတွင်း အခွင့်အရေး လိုင်စင် လေလံတင် ရောင်းရငွေ ငွေကျပ်သိန်း ၅၀၅၇ ဒသမ ၃၂ ရရှိ သည်ဟု မော်လမြိုင်မြို့နယ် စည်ပင်သာ ယာ ရေးအဖွဲ့မှ သိရသည်။

 
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အခွင့် အရေးလိုင်များကို ဈေးပြိုင်စနစ်ဖြင့် ဒီဇင်ဘာ ၂၈ ရက်က ပထမအကြိမ် လေလံတင် စတင်ရောင်းချခဲ့သည်။အခွင့်အရေးလိုင်စင်များ ရောင်း ချရာတွင် သားသတ်လိုင်စင်များကို အတွဲလိုက် ရောင်းချသည့်အတွက် သားသတ် လိုင်စင်ဆွဲသူတို့အတွက် အခက်အခဲရှိသည်ဟု သားသတ် လိုင်စင်ဆွဲသူတို့က ပြောသည်။