မင်္ဂလာပွဲအပြန် စက်လှေတိမ်းမှောက် ညီအစ်မ ၂ ဦးသေဆုံး

0
457

မြိတ်မြို့ ပြင်းငယ်ကျေးရွာအုပ်စု တွင် ဒီဇင်ဘာလ ၂၅ ရက် မွန်းလွှဲ တစ်နာရီအချိန်ခန့်က မြိတ်မင်္ဂလာပွဲမှ ပြန်လာသည့် စက်လှေတစ်စီး တိမ်းမှောက် ကာညီအစ်မ၂ ဦးသေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းချိုထံမှ  သိရသည်။


” ပိန္နဲတောင်ရွာ ချောင်းအကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပါ”  ဟု အုပ်ချုပ်ရေးမှူး ဦးဝင်းချိုက ပြောသည်။
အဆိုပါ စက်လှေပေါ်တွင် အမျိုး သမီး ၃၈ ဦးနှင့် အမျိုးသား ၂ ဦးပါရှိပြီး စက်လှေတိမ်းမှောက်ပြီးနောက် မကပွင့် အသက်(၁၀) နှစ်နှင့် မကဖွေး အသက် ၁၂ နှစ်တို့ ပျောက်ဆုံးခဲ့သည်။
ကျန်သူများမှ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းပြင်းငယ်ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးထံမှ သိရသည်။
ပျောက်ဆုံး ကလေးညီအစ်မ နှစ်ဦး တို့အား အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ကျေးရွာသူ^သားများ ဝိုင်းဝန်းပြီး ရှာဖွေ ခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက် မွန်းလွှဲပိုင်း တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း အုပ်ချုပ် ရေးမှူး ဦးဝင်းချိုက ပြောပြသည်။