မွန်ပြည်နယ်တွင် နှစ် ၁၀၀ သက်တမ်းရှိ အဆောက်အအုံများ အစိုးရက ထပ်တိုးထိန်းသိမ်းရန် မရှိသေး

0
565

မွန်ပြည်နယ်တွင် လက်ရှိ ထိန်း သိမ်းထားသော ရှေးဟောင်းဇုန်နှင့် အဆောက်အအုံတို့ အပြင် နှစ် ၁၀၀ ကျော်သက်တမ်းရှိရှေးဟောင်း အဆောက် အအုံများကိုပြည်နယ် အစိုးရ၏ အစီ အစဉ်ဖြင့် ထိန်းသိမ်းရန်စောင့်ရှောက် ရန် အစီအစဉ်မရှိသေးကြောင်း မွန်ပြည် နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောကြားသည်။


မွန်ပြည်နယ်တွင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ များစွာရှိသော်လည်း လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သူများ ရှိနေသည့် အတွက် ပြည်နယ်ယဉ်ကျေးမှု အမွေ အနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီအနေနှင့်  ယင်းတို့ကို ထိန်း သိမ်းစောင့်ရှောက်ရန် အစီအစဉ်မရှိ ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ယဉ်ကျေး မှုဝန်ကြီး ဒေါက်တာ ထိန်းလင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 
ဒေါက်တာထိန်လင်းသည် မွန်ပြည် နယ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်လည်း ဖြစ်သည်။
မွန်ပြည်နယ်၌ ထိန်းသိမ်းထား သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ် ဇုန် ၂ ခုနှင့် ရှေးဟောင်း ဆောက်အဦးနေရာ ၉ နေရာရှိကြောင်း ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

 
လက်ရှိထိန်းသိမ်းထားသည့် ဇုန် ၂ ခုမှာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်နှင့် ခရုံဂူတို့ဖြစ်သည်။ ရှေးဟောင်း အဆောက်အအုံနေရာအဖြစ် ဝင်းကမြို့ဟောင်းတူးဖော်မှုကုန်း၊ ကျိုက် ကသာမြို့ဟောင်းတူးဖော်မှုကုန်းနှင့် ပုဆိုးမဂူ၊ ကော့ပရံရွာရှိ ဂဝံစေတီ၊ ဆင်တပ် မြင်းတပ် ဂဝံတံတိုင်းများ၊ တိုက်ကုလားမြို့ရိုးဟောင်း သထုံမြို့ရိုး ဟောင်း ရွှေစာရံ ဘုရားဝင်းအတွင်းရှိ မွန်ကျောက်စာရုံ၊ ဝါးခရူ တိုင်တစ်ရာ ဘုန်းကြီးကျောင်း၊ ဝါးခရူမြို့ဟောင်း တူးဖော်မှုကုန်းနေရာတို့ ဖြစ်သည်။

 
ယင်းတို့အပြင် နှစ် ၁၀၀ သက် တမ်းရှိ အဆောက်အအုံများ ပြင်ဆင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် နည်းပညာအကူအညီတောင်းခံလာပါက ပြည်နယ် ရှေးဟောင်းသုတေသနာ ဦးစီး ဌာနက  နည်းပညာအကူအညီပေးမည်ဟု မွန်ပြည်နယ် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦး စီးဌာန (မော်လမြိုင်ဌာနခွဲ) မှ ဒု- ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ပြောသည်။

 
မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်တစ်ခုတည်း၌ပင် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံ ၅၀ ကျော်ရှိပြီး အများစု သည် ဝန်ကြီးဌာန၊ ဂေါပက၊ ဆရာတော် နှင့် အသင်းတော်တို့ ပိုင်ဆိုင်ထားကြ သည်။ ထိန်းသိမ်း စောင့်ရှောက်မှုအပိုင်း ကိုလည်း ပိုင်ဆိုင်သမူများကသာ ဆက် လက်လုပ်ဆောင်နေသည်ဟုလည်း ပြည် နယ် ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။

 
ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက် ဦးစီး ဌာနအနေဖြင့် ရှေးဟောင်း အဆောက် အအုံအဖြစ် သတ်မှတ်ရာတွင် မြေပေါ်မှ ဖြစ်စေ၊ မြေအောက်မှဖြစ်စေ၊ ရေပေါ်မှ ဖြစ်စေ ရေအောက်မှာဖြစ်စေ၊ သွား ရောက်စစ်ဆေးသည့်နေ့မှ အနောက် ဘက် နှစ် ၁၀၀ သက်တမ်းရှိသည့် အဆောက်အအုံမှန်သမျှ ရုပ်ဝတ္ထုမှန် သမျှကို ရှေးဟောင်းအဆောက်အအုံ အဖြစ် သတ်မှတ်ကြောင်း သိရသည်။