လိုင်စင်မဲ့ အရက်ဆိုင် ဖမ်းရမလွယ်

0
556

လက်လီရောင်းချနေသည့် လိုင်စင် မဲ့အရက်ဆိုင်များကို ဖမ်းဆီးရာတွင် ယခင်ကကဲ့သို့ မလွယ်ကူတော့ကြောင်း ထားဝယ်မြို့ မြို့မရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။


လိုင်စင်မဲ့အရက်ဆိုင်များတွင် အရက် ၄ လုံးပြည့်မှသာ ဖမ်းဆီးနိုင် သည့်အတွက် အဖမ်းမခံရစေရန် သတ် မှတ်ပမာဏပြည့်အောင် ဆိုင်ပေါ် တင် ပြီးမရောင်းတော့ဘဲ လက်တစ်လုံးခြား လုပ်ကာ အအေးပုလင်း (ငမန်း၊ လီပို) တို့အတွင်းထည့်သွင်းပြီး ရောင်းချလာ ကြကြောင်း မြို့မရဲစခန်း တာဝန်ရှိသူ ကဆိုသည်။” တချို့ဆိုင်တွေဆို ဆိုင်မှာ နှစ် လုံးခွဲလောက်ပဲထားလို့ ဖမ်းလို့ မရတော့ ဘူး၊ ခြံကျော်(အခြားခြံ)တွေမှာ သွား ထားကြတာ”  ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယစ်မျိုးနှင့် ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ တိုးမြင့်လာသည့်အတွက် လိုင်စင်မဲ့ရောင်းချသူများက ပိုမိုသတိ ထားလာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။သို့ရာတွင် လိုင်စင်မဲ့ အရက်ဆိုင် များကို ကြပ်ကြပ်မတ်မတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်း တာဝန်ရှိသူ ကဆိုသည်။မြို့လယ်ရှိ ကုန်စုံဆိုင်ကြီး အချို့ တွင် လိုင်စင်ရှိသကဲ့သို့ အရက်များကို လက်ကား ရောင်းချမှုများရှိနေပြီး ဖမ်း ဆီးမှုတစ်စုံတစ်ရာမရှိကြောင်း ထားဝယ် မြို့မှ အရက်လက်လီ၊ လက်ကား ရောင်းချ နေသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
” ဆိုင်သေးသေးတွေမှာလည်း ဘေး ပေါက်ကနေ ရောင်းနေတုန်းပဲ၊ ဆိုင်ကြီး တချို့ဆိုရင် ပါကင်အလိုက် ပေါ်တင်ကြီး ရောင်းနေတာတွေ တောင်ရှိတယ်”  ဟု အဆိုပါ ဆိုင်ပိုင်ရှင်က ပြောသည်။
ထားဝယ်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ယစ်မျိုး အမှုပေါင်း ၂၂ မှု ရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်း အရ သိရသည်။