သက်ငယ်မုဒိမ်းဖြစ်ပွားမှု ယမန်နှစ်ထက် နှစ်ဆတိုး

0
353

တနင်္သာရီ တိုင်းအတွင်း သက်ငယ် မုဒိမ်းမှုဖြစ်ပွားမှုနှုန်းမှာ ပြီးခဲ့သည့်နှစ် ထက် နှစ်ဆကျော်ပိုများလာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က သက် ငယ်မုဒိမ်း ဖြစ်ပွားမှု ၆ မှုသာရှိရာမှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ အထိ ၁၄ မှုရှိလာကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။


ထားဝယ်ခရိုင်တွင် သက်ငယ် မုဒိမ်းမှု ဖြစ်ပွားမှုနှုန်း အများဆုံးဖြစ် ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ကြီးလေးသည့် ပြစ်ဒဏ်များသတ်မှတ် ပါက ဖြစ်ပွားမှုနှုန်း လျော့နည်းလာ နိုင်ကြောင်း ထားဝယ် အမျိုးသမီးသမဂ္ဂ  Save House  အစီအစဉ် မှ ဒေါ်သီတာမိုး ကဆိုသည်။
” ပြစ်ဒဏ်တွေ ကြီးလာမယ်ဆိုရင် တွန့်ဆုတ်လာကြမယ်ထင်တယ် ” ဟု ဒေါ်သီတာမိုးက ပြောသည်။
သက်ငယ်မုဒိမ်းမှုများကို သက် ဆိုင်ရာရပ် /ေ ကျး အုပ်ချုပ်ရေးမှူး အချို့ က ငွေကြေးဖြင့် ညှိနှိုင်းဆောင်ရွက်ပေး နေမှုများရှိသဖြင့် ယင်းသို့လုပ်ခွင့် မရှိ ကြောင်း အုပ်ချုပ်ရေးမှူးများကို သင်တန်း ပေးနိုင်ရန် တိုင်းအစိုးရကို တင်ပြထား ခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက် နေ့ညက ထားဝယ်ခရိုင် လောင်းလုံးမြို့ နယ်ရှိ သဘော့ဆိပ်ရွာတွင် နေအိမ်ကို ဝင်ထွက်သွားလာလေ့ရှိသူက ပုခက် အတွင်း အိပ်ပျော်နေသည့် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်အား သား မယားအဖြစ် ပြုကျင့်ခဲ့သည်။