ထားဝယ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမည်

0
364

တစ်နိုင်ငံလုံးတွင် ပထမဆုံးကျင်းပ သည့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမည့် ဇန်န ဝါရီလအတွင်း ထားဝယ်မြို့တွင် ပြုလုပ် သွားမည်ဖြစ်သည်။


တိုင်းအတွင်းခရိုင် ၃ ခုတွင် ကျင်းပမည့် ဒေသအလိုက် အမျိုးသား အဆင့် အကြို အစည်းအဝေးများတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စ ရပ်များ အစရှိသည့် ခေါင်းစဉ်ကြီး ၃ ခုကို ဆွေးနွေးကြမည်ဖြစ်သည်။

 
ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် အတွက် အကြိုဆွေးနွေးပွဲများကို ထားဝယ်ခရိုင်တွင် ဇန်နဝါရီလ ၅ ရက် နေ့နှင့် ၆ ရက်နေ့တွင်လည်းကောင်း၊ မြိတ်ခရိုင်တွင် ဇန်နဝါရီလ ၁၂၊ ၁၃ ရက် နှင့် ကော့သောင်းခရိုင်တွင် ဇန်နဝါရီလ ၁၆ ၊ ၁၇ ရက်များတွင် ကျင်းပပြုလုပ် သွားမည်ဟု တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။

 
ခရိုင်အသီးသီးတွင် အကြို ဆွေး နွေးပွဲများ ပြုလုပ်ပြီးနောက် ဇန်နဝါရီလ ၂၃၊ ၂၄ ၊ ၂၅ ရက်များတွင် ဒေသ အလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ထားဝယ်မြို့တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။