ရပ်/ကျး စာရေးများ ရုံးချိန် ရုံးမတက်က အရေးယူမည်

0
451

ထားဝယ်ခရိုင်အတွင်းရှိ ရပ် /ကျေး အုပ်ချုပ်ရေးမှူးရုံးများတွင် စာရေးများ ရုံးမတက်ပါက ဝန်ထမ်းစည်းမျဉ်းစဉ်း ကမ်းများအရ အရေးယူမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင် မောင်ချိုက ပြောကြားသည်။

 


ရပ်^ကျေး အုပ်ချုပ်ရေးမှူးရုံးများ အထူးသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အချို့တွင်ရပ် / ကျေးစာရေးများ ရုံးမတက်ကြသည့်အတွက် ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန်များ ကြန့်ကြာမှုများ ရှိနေကြောင်း ထားဝယ်ခရိုင်အတွင်းရှိ ရပ် /ကျေး အုပ်ချုပ်ရေးမှူးအချို့ထံမှ သိရ သည်။” ရုံးချိန် ရုံးမှာ မရှိလို့မရဘူး။ နိုင်ငံ့ ဝန်ထမ်း ဥပဒေ နည်းဥပဒေတွေ အတိုင်း အရေးယူမယ်”  ဟု ထားဝယ်ခရိုင် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးခင်မောင်ချိုက ပြော သည်။
အုပ်ချုပ်ရေးမှူးကသော်လည်း ကောင်း၊ ရပ်ကွက်  /ကျေးရွာနေ ပြည်သူ များက သော်လည်းကောင်း တိုင်ကြားနိုင် ပြီး မြို့နယ်၊ ခရိုင်၊ တိုင်း အုပ်ချုပ်ရေး အဆင့်ဆင့်မှ တာဝန်ရှိသူများကလည်း ရှောင်တခင်စစ်ဆေးတွေ့ရှိပါက အရေး ယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
/ခေါ်မှလာတယ်၊ ကြာရင် ခေါ်ရ ရှက်လာတယ်ပေါ့၊ ရုံးပုံမှန်လာရင်တော့ ထိတွေ့မှုကောင်းပြီး လုပ်ရကိုင်ရ အဆင်ပြေတာပေါ့” ဟု လောင်းလုံး မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး က ပြောသည်။
ယင်းသို့ ရပ် /ကျေးစာရေးများ ရုံး တက်ပျက်ကွက်ခြင်းကို မြို့နယ်မှ ကြပ် မတ်ပေးရန် လိုအပ်ကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။ရပ်/ကျေး စာရေးများသည် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်း များ ဖြစ်သည်။