ထားဝယ်တွင် ဗုဒ္ဓ ကောလိပ် စဖွင့်

0
553

တနင်္သာရီတိုင်းအတွင်း ပထမဆုံး ဖွင့်လှစ်သည့် ဗုဒ္ဓကောလိပ်ကို မြို့မ ယဉ်ငေးသာသနာ့ရိပ်သာတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က စဖွင့်လိုက်သည်။ ကောလိပ်တွင် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်စသည့် စာသင်သား တစ်ရာ ကျော် တက်ရောက်သင်ကြား နေကြောင်း အဆိုပါ ဗုဒ္ဓကောလိပ်ထံမှ သိရသည်။


ရန်ကုန်နှင့် မန္တလေးမြို့ရှိ ဗုဒ္ဓ တက္ကသိုလ် ဌာနခွဲအဖြစ် ဖွင့်လှစ်ခြင်း ဖြစ်ပြီး P.A.B.E တန်း တက်ရောက် သင်ကြား သူ ၈၀ ဦးခန့်နှင့် P.S.E အတန်း သင်ကြားသူ ၄၀ ဦးခန့်ရှိကြောင်း ထားဝယ်ဗုဒ္ဓကောလိပ် သင်ကြား၊ စီမံ ဆရာတော် ဦးကဉ္စနသာရက မိန့်ကြား သည်။

 
ပထမကြီးတန်း မအောင်သေးသည့် သံဃာတော်၊ သီလရှင်နှင့် အလယ်တန်း အဆင့်မှ ဘွဲ့ရအထိပါသည့် လူပုဂ္ဂိုလ် များ တက်ရောက်သင်ကြားနိုင်သည့် P.A.B.E (Basic Diploma) တန်း နှင့်ပထမအကြီးတန်းအောင် ဓမ္မစရိယ အဆင့်ရှိ သံဃာတော်၊ သီလရှင်များနှင့် P.A.B.E တန်း အောင်မြင်ပြီးသည့် ပုဂ္ဂိုလ်များ တက်ရောက် နိုင်သည့် P.S.E (Advance Diploma) တန်း ဟူ၍ အတန်းနှစ်ခုကို သင်ကြားပို့ချ နေခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့် သည်။

 
” စာအုပ်ဖိုးပဲကုန်ကျခံရပြီး ကျန် တာတွေက အခမဲ့ သင်ကြားပေးပါတယ်”  ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါ ဖွင့်လှစ်သင်ကြားနေသည့် P.A.B.E အတန်းကို တစ်ရက်လျှင် စာသင်ချိန် ၁ နာရီနှင့် P.S.E အတန်းကို ၂ နာရီသတ်မှတ်ထားပြီး အတန်း ၂ ခုလုံးမှာ ၈ လကြာ သင်ကြားရမည်ဖြစ် ကြောင်း အဆိုပါ ကောလိပ်ထံမှ သိရ သည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓတက္ကသိုလ် ၂ ခုနှင့် ဗုဒ္ဓကောလိပ် ၅ ခုရှိကြောင်း သိရ သည်။