အခြေခံပညာကျောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပြန်လည်မွေးထုတ်ရေး ခြေလှမ်းစ

0
395

ကော့သောင်းမြို့နယ် အတွင်းရှိ အခြေခံစာသင်ကျောင်းများတွင် ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင် အသစ် များပြန်လည်မွေးထုတ်ပေးလျက်ရှိ ကြောင်း ကော့သောင်းခရိုင် ကြက်ခြေနီ တပ်ဖွဲ့ထံမှ သိရသည်။

 

ကြက်ခြေနီသင်တန်းများကို လွန်ခဲ့သည့် ၂နှစ်ကတည်းက ကျောင်း များတွင်   ပို့ချပေးခဲ့သော်လည်း အသင်း ၏ လိုအပ်ချက်အရ ထောက်ပံ့မူ အားနည်းခဲ့သောကြောင့် အသင်းဝင်များ ထိထိရောက်ရောက်  မစုဆောင်းနိုင်ခဲ့ဟု သိရသည်။
ယခုနှစ်တွင် ဒီဇင်ဘာလ ၂၇ ရက်တွင် မြို့ပေါ် စာသင်ကျောင်း ၄ ကျောင်းမှ ကျောင်းသူ. ကျောင်းသား ၁၀၀ဦးကျော်ကို အခြေခံသူနာပြုနည်း သင်တန်း တစ်ပတ်ကြာ စတင်ပို့ချ လျက်ရှိကြောင်း ကော့သောင်းခရိုင် ကြက်ခြေနီ အသင်းခရိုင်ဦးစီးမှူး ဒုတိယတန်း ဦးကိုကိုကြီးက ပြောသည်။

 
” သင်တန်းပြီးဆုံးရင် အသင်းဝင် ၈၀ရာခိုင်နူန်း လောက်မွေးထုတ်ပေးနိုင် လိမ့်လို့ ယုံကြည်တယ်” ဟု ဦးကိုကိုကြီး က ဆိုသည်။
နွေရာသီတွင် တပ်ဖွဲ့ဝင်အသစ် များကို စခန်းသွင်းလေ့ကျင့်ပေးမည်ဟု သိရသည်။

 
“ကြက်ခြေနီ ဝတ်စုံကို သဘောကျ သလို လူနာတွေကို ပြုစုပေးရတာကိုလည်း သမီးဝါသနာ ပါတယ် ” ဟု ကြက်ခြေနီ သင်တန်း လာတက်သည့် အ.လ.က ရွှေမင်းဝံ ကျောင်းမှ သင်တန်းသူ မဖူးဖူး က ဆိုသည်။
ကော့သောင်းမြို့နယ်အတွင်း ပြင်ပ ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၅၀ဦး လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသည်ဟု သိရသည်။