ရဲကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ထောင်ဒဏ် နှစ်လေးဆယ်ကျော် အမိန့်ချခံရ

0
481

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်မူးယစ်တရားခံ သီဟနိုင် အား အမှုလေးခုအတွက် ထောင်ဒဏ် နှစ် ၄၀ ကျော်  ပြစ်ဒဏ်ချမှတ်လိုက် ကြောင်း သက်ဆိုင်ရာ တရားရုံးများထံမှ သိရသည်။


သီဟနိုင်ကို လူသတ်မှု၊ မူးယစ် ဆေးဝါးအမှုများဖြင့် တရားစွဲဆိုထား သော စုစုပေါင်း အမှု ၇ မှုအနက် စုစုပေါင်း အမှု ၄ ခုအတွက် ၄၄ နှစ် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။ ထားဝယ်ခရိုင်တရားရုံးတွင် စစ်ဆေး ဆဲအမှု ၃ ခုကျန်ရှိနေ သေးသည်။
ပထမအမှုဖြစ်သည့် ထားဝယ်မြို့ မြို့ပတ်လမ်းတွင် သီဟနိုင် အပါအဝင် ၄ ဦးကို မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းမိ သည့် ဖြစ်စဉ်ကို ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိခြင်းနှင့် အား ပေးကူညီခြင်း ပုဒ်မ ၁၉ (က)၊၂၁ အရ နိုဝင်ဘာလ ၂ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်ပြစ်ဒဏ်များ ချမှတ် ခဲ့ကြောင်း ထားဝယ်ခရိုင်တရားရုံး မှတ်တမ်းအရ သိရသည်။

 
ဒုတိယအမှုအဖြစ် မောင်းမကန်  KTV ဆိုင်တွင် ဖမ်းမိသည့်အမှုအတွက် ဒီဇင်ဘာလ ၇ ရက်နေ့က မူး/ စိတ်ပုဒ်မ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ချ မှတ်ခဲ့ကြောင်း ခရိုင်တရားရုံး မှတ်တမ်း အရ သိရသည်။တတိယ အမှုအဖြစ် ရဲတပ်သားကို သေနတ်ဖြင့် ပစ်သတ်သည့် အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့က သီဟနိုင်(ခ)ညီငယ်အား လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်ချ မှတ်ခဲ့ကြောင်း တရားရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

 
စတုတ္ထအမှုအဖြစ် လက်နက် ကိုင် ဆောင်မှု (ကမ်းနားလမ်းတွင် ဖမ်းမိ သည့်သေနတ်) ၁၉(စ) ဖြင့် ပြီးခဲ့သည့် ဇူလိုင်လက ထားဝယ်မြို့နယ် တရားရုံး တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားကြောင်း မြို့နယ် တရားရုံး မှတ်တမ်းအရ သိရသည်။
သီဟနိုင်ကို တရားစွဲဆိုထားပြီး အမိန့်ချရန် နောက်ထပ်ကျန်ရှိသည့် အမှု များမှာ တရားမဝင် မူးယစ်ဆေးသုံးစွဲမှု၊ ဖြန့်ဖြူးရောင်းချမှု၊ အားပေးကူညီမှု နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် လက်နက်ကိုင်ဆောင်မှုတို့ ဖြစ်သည်။

 

မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် လက်နက်ကိုင်ဆောင်မှုမှာ အများဆုံး သေဒဏ်အထိ ကျခံနိုင်သော အမှုဖြစ်သည်။
ယင်းအပြင် ထားဝယ် မြို့နယ် တရားရုံးတွင် စွဲဆိုရန်ပြင်ဆင်ထားသည့် ရဲတပ်သားအား ပစ်သတ်သည့် လက်နက် မှုတစ်မှု ကျန်နေသေးကြောင်း သိရသည်။

 
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က ထားဝယ်မြို့ ကမ်းနားလမ်းရှိ နေအိမ် တွင် ဝင်ရောက်ဖမ်းဆီးစဉ် သေနတ်တစ် လက်၊ တရားခံ ၄ ဦးနှင့် မူးယစ်ဆေးဝါး များဖမ်းမိခဲ့ပြီး သီဟနိုင်(ခ) ညီငယ်မှာ လွတ်မြောက်သွားကာ ရဲတပ်ဖွဲ့မှ မူးယစ် တရားခံပြေးအဖြစ် သတ်မှတ် ခဲ့သည်။
မေလ ၁၄ ရက်နေ့တွင် မူးယစ် တရားခံပြေးဖြစ်သူ သီဟနိုင်အား ဝင် ရောက်ဖမ်းဆီးစဉ်ရဲတပ်သား ထွန်းယိန်း အား သီဟနိုင်မှ သေနတ်ဖြင့် ပစ်ခတ် သဖြင့် ရဲတပ်သား သေဆုံးသွားခဲ့ပြီး တရားခံပြေးသီဟနိုင်အား လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။