အန္တရာယ်ရှိ လုပ်ငန်းတွင် အရွယ်မရောက်ကလေးများ ခိုင်းစေပါက တိုင်ကြားနိုင်

0
447

အရွယ်မရောက်သေးသည့် ကလေး များကို အန္တရာယ်ရှိသည့် လုပ်ငန်းများ တွင် ခိုင်းစေနေပါက အချိန်မရွေး တိုင် ကြားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။


အရွယ်မရောက်သူများကို အန္တရာယ် ရှိသည့် (ဘက်ထရီလုပ်ငန်း၊ လွှစက် အစရှိသည့်) လုပ်ငန်းများတွင် ခိုင်းစေ နေပါက လာရောက် တိုင်ကြား နိုင်ပြီး သက်ဆိုင်ရာ အလုပ်သမားဌာနနှင့် ချိတ် ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ဆို သည်။
“ကလေးတွေကို မတရား ခိုင်းစေ တယ်လို့ တိုင်ကြားလာတာတော့ မရှိ သေးဘူး” ဟု လ/ထ ညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက ပြောသည်။ထို့အပြင်ကလေးများကို တောင်း ရမ်းစားသောက်ရန် စေခိုင်းမှုများကို တိုင်ကြားပါက မိဘဖြစ်သူအား နောင် မဖြစ်ပွားစေရန် ခံဝန်ချုပ်ဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။
အသက် ၁၄ နှစ်မှ ၁၈ နှစ်အထိရှိ သည့် သူကို အလုပ်သမားအဖြစ် စေခိုင်း အသုံးပြုမည်ဆိုပါက လူမှုဖူလုံရေး (သို့) ဆေးကုသ ခွင့်ရှိသည့် ဆရာဝန်တစ်ဦး၏ အလုပ်လုပ်ရန် သင့်တော်ကြောင်း ဆေး လက်မှတ်ဖြင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနထံ ခွင့်ပြု ချက်တင်ရမည်ဖြစ်ကြောင်း ထားဝယ် ခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ် သဉ္ဇာထက် (အလုပ်ရုံ စစ်ဆေးရေး)  က ရှင်းပြသည်။

 
အသက် ၁၈ နှစ် မပြည့်သေးသည့် အလုပ်သမားကို အန္တရာယ်ရှိသည့် လုပ် ငန်းများတွင် အလုပ်လုပ်ခွင့် မပြုရ ကြောင်း ဦးစီးအရာရှိ ဒေါ်သဉ္ဖာထက်က ဆိုသည်။” အသက်တစ်ဆယ့်လေးနှစ် မပြည့် သေးတဲ့ ကလေးကို ဘယ်အလုပ်မှ လုံးဝ ခိုင်းခွင့်မရှိဘူး”  ဟု ၎င်းက ပြောသည်။

 
အသက် ၁၄ နှစ်ပြည့်ပြီး ၁၆ နှစ် မပြည့်သေးသည့် သူများကို တစ်ရက် လျှင် ၄ နာရီထက် ပို၍ လုပ်ကိုင်ခွင့် မပြုရကြောင်း ဒေါ်သဉ္ဇာထက်က ဆို သည်။အဆိုပါ သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက ၆ လထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု ၂၀၁၆ ခုနှစ် ဆိုင်များ နှင့် အလုပ်ဌာနများ ဥပဒေတွင် ဖော်ပြ ထားသည်။