မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ခရီးသည်များကို လမ်းလျှောက်စစ်ဆေးသည့်အပေါ် ဝေဖန်သံညံ

0
439

ရန်ကုန်-ထားဝယ် ပြည်ထောင်စု လမ်းမပေါ်ရှိ မလွှဲတောင်စစ်ဆေးရေး ဂိတ်တွင် ခရီးသည်များကို စစ်ဆေးရာ တွင် ခရီးသည်များကို လမ်းလျှောက်ခိုင်း သည့်အပေါ် ခရီးသွားသူများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။


ခရီးသည်တင်ကားများကို စစ်ဆေး ရာတွင် ခရီးသည်များကို ကားပေါ်မှ ဆင်းခိုင်းသည့်အစား စစ်ဆေးသူက ကားပေါ်တက်ကာ စစ်ဆေးသင့်ကြောင်း ရန်ကုန်သို့ ကားဖြင့် ခရီးသွားလေ့ရှိသည့် ဦးလေးလွင်က ဆိုသည်။” ဒီလိုလုပ်တာက ဒီမိုကရေစီ အပြောင်းအလဲကာလမှာ အင်မတန်မှ ရုပ်ဆိုးလှတယ်”  ဟု ဦးလေးလွင်က ပြောသည်။

 
ရဲတပ်ဖွဲ့က တရားမဝင် ခိုးဝင် ဘင်္ဂါလီများ ဝင်ရောက်မှုမရှိစေရန်နှင့် တရားမဝင်ပစ္စည်းများ သယ်ဆောင်လာမှု ကို စိစစ်နိုင်ရန် စစ်ဆေးခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ဖူးသည်။တရားမဝင် လိုက်ပါလာသူများက ကားပေါ်တွင် ယင်းကဲ့သို့ ပေါ်ပေါ် တင်တင် လိုက်လာမည်မဟုတ်ဘဲ ကား အောက်ခန်းရှိ ပစ္စည်းထည့်ရာအခန်း ကဲ့သို့ နေရာများတွင်သာ စိစစ်ရှာဖွေသင့် ကြောင်း ဦးလေးလွင်က ထောက်ပြ ပြော ဆိုသည်။

 
ခရီးသည်များကို စစ်ဆေးသည့် အချိန်တွင် တိတိကျကျ မစစ်ဆေးဘဲ အဖြစ်သဘောမျိုးသာ စစ်ဆေးနေပြီး တကယ် လုပ်မည်ဆိုပါက တင်းတင်း ကြပ်ကြပ် စစ်ဆေးသင့်ကြောင်း ရန်ကုန် မြို့မှ ထားဝယ်ကို အမြဲလာရောက်လေ့ ရှိသည့် အသက် ၃၀ နှစ်အရွယ် အမျိုး သားတစ်ဦး ကဆိုသည်။

 
” အခုက မှတ်ပုံတင်ပြလိုက်တာနဲ့ ဓာတ်ပုံတောင် တိုက်ဆိုင်စစ်ဆေးတာမျိုး မလုပ်တော့ဘူး၊ ဒီလိုလုပ်တာဆိုရင် ကားပေါ်တက်စစ်လိုက်လည်း ပြီးတာပဲ ” ဟု အဆိုပါ အမျိုးသားက ပြောသည်။တနင်္သာရီတိုင်းအတွင်းကို တရား မဝင် ဘင်္ဂါလီများ ဝင်ရောက်မှုမရှိစေရန် မလွှဲတောင်ထိပ်မှ ကော့သောင်းအထိ လမ်းပိုင်းအထိ နေရာ ၇ ခုခန့်တွင် ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့မှ စတင်စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးက ပြောကြားထား သည်။