ကျွန်းစုတွင် ICE ဟု ယူဆရသော မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ

0
409

ကျွန်းစုမြို့နယ် တောပြားကြီး ကျေးရွာအုပ်စု ရေပြည့်အော်ကျေးရွာ အရှေ့ဘက်ရှိ ကမ်းငယ်ရွာတွင် ဒီဇင် ဘာလ ၂၀ ရက်က ICE ဟု ယူဆရသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ သိရသည်။

ကမ်းငယ်ရွာရှိ နေအိမ်တစ်ဆောင် တွင် မူးယစ်ဆေးဝါးများရောင်းချနေ ကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာတွင် ICE ဟု ယူဆရသော မူးယစ်ဆေးဝါး ၁၀ ထုပ် ( အလေးချိန် ၀.၀၈ ကီလိုဂရမ်) နှင့် ဘိန်းစာမှုန့်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။
” မူးယစ်ဆေးက ICE ဟုတ် မဟုတ် အတည်ပြုဖို့အတွက် ရန်ကုန်က ဓာတ်ခွဲခန်းကို ပို့ပြီးစစ်ဆေးသွားမယ်” ဟု ကျွန်းစုရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ထို့ပြင် ဘိန်းစာမှုန့်အထုပ် ၄ ထုပ် ကာလတန်ဖိုး ကိုးထောင်ကျော်နှင့် မူး ယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ သည်ဟု ကျွန်းစုရဲစခန်းမှ သိရသည်။လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူအား ကျွန်းစုမြို့ နယ်ရဲစခန်းက မယ(ပ)၁၅၊ ၂၀၁၆၊ မူး၊ စိတ်ပုဒ်မ ၁၅^၁၆(ဂ)၊ ၁၉(က)အရ အမှု ဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။