ကော့သောင်း ကျွန်းခရီးစဉ်လည်ပတ်မှု ယခင်နှစ်ထက်တိုးလာ

0
470

ကော့သောင်းဒေသတွင်းရှိ ကျွန်း ခရီးစဉ် လည်ပတ်မှု ယခင်နှစ်ထက်တိုး လာသည် ဟုဟိုတယ်နှင့်ခရီးသွားဌာန(ကော့သောင်း) ရုံးမှ သိရသည်။
၂၀၁၅ ခုနှစ်က ခရီးသွားကုမ္ပဏီ ၇ ခုခန့်သာရှိရာမှ ယခု ၂၀၁၆ ခုနှစ်တွင် ၁၂ ခုထိ တိုးလာပြီး ဒီဇင်ဘာလ တတိယအပတ် စာရင်းအရ ပြည်တွင်း ပြည်ပဧည့်သည် ၂၀ ရာခိုင်နှုန်းခန့် တက်လာကြောင်း ကော့သောင်းဟိုတယ် နှင့်ခရီးသွားဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးလွမ်းမိုးက ပြောသည်။

ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့် သည်များသည် နာမည်ကျော် အသဲပုံ ကျွန်းနှင့် တစ်ခြားကျွန်းများသို့ ကော့ သောင်းမြို့မှတဆင့် နေ့ချင်းပြန် လည်ကြလေ့ရှိသည်။လက်ရှိစာရင်းအရ ကျွန်းခရီးသွား များသည် ထိုင်းနိုင်ငံသားအများဆုံးဖြစ် ပြီး ဥရောပသားများလည်း လာသည်ဟု Grand Andaman ခရီးသွားကုမ္ပဏီတွင် ကော့သောင်းဒေသမှ တာဝန်ယူဆောင် ရွက်ပေးနေသူ ကိုယဉ်ထွေးမှ ဆိုသည်။

” သူတို့ တစ်ခါလာပြီးတာနဲ့ သူတို့ က တဆင့်တစ်ခြားသူတွေပါ ပိုသိလာပြီး လည်ပတ်မှု ပိုများလာတာ” ဟု ကိုယဉ် ထွေးမှ ဆိုသည်။
ဧည့်သည်များအနေဖြင့် နေ့ချင်း ပြန်ခရီးစဉ်အပြင် ၂ ညအိပ် ၃ ရက်ခရီး၊၃ ညအိပ် ၄ ရက်ခရီးသွား လာမှုများ ရှိသည်။
တစ်ရက် နေ့ချင်းပြန်ခရီးစဉ် အတွက် ဘတ်ငွေ ၃၉၀၀ သတ်မှတ် ထားပြီးရန်ကုန်က တဆင့်လာရောက် သူများအတွက် စရိတ်ငြိမ်း ကျပ် ၅ သိန်း ၆ သိန်းခန့်ကျ မည်ဖြစ်ကြောင်း သိရ သည်။

ကော့သောင်းမြို့မှတဆင့် ကြက် မောက်ကျွန်း၊ မြင်းခွာကျွန်း၊ ခရင်းခွ ကျွန်း၊ ပန်းကျွန်း၊ စေတန်ကျွန်း၊ ဘီးစိပ် ကျွန်း၊ညောင်ဦးဖီးကျွန်း၊လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်၊ သခင်ညိုကြီး ကျွန်း နှင့် အခြားကျွန်းငယ်များသို့ သွားရောက် လည်ပတ် ကြသည်။