အမှိုက်ကောက်ပြိုင်ပွဲ အဖွဲ့ ၃၀ နီးပါး ဝင်ပြိုင်

0
377

မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိ ရေ ကန်ဘောင်နံဘေးပတ်လမ်းတွင် ဒီဇင် ဘာလ ၁၁ ရက်နေ့က အမှိုက်ကောက်ပွဲ ပြုလုပ်ခဲ့ရာ အဖွဲ့ပေါင်း ၂၉ ဖွဲ့ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ အမှိုက်ကောက်ပြိုင်ပွဲကို လမ်းစပရဟိတ လူငယ်များအဖွဲ့မှ ဦး ဆောင်ပြုလုပ်ခြင်းဖြစ်ကာ ကျောင်းသား၊ သူများ၊ ဆရာ^မများနှင့် ရပ်ကွက်နေ လူငယ်တချို့တို့မှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ခြင်း ဖြစ်သည်။

” ဘာကြောင့်မှန်းမသိပေမဲ့ စုပေါင်း အမှိုက်ကောက်ရတာ အရမ်းပျော်မိ တယ်” ဟု အမှတ်(၄)အခြေခံပညာ အထက် တန်းကျောင်းမှ ပဉ္စမတန်း ကျောင်းသား တစ်ဦးက ပြောသည်။ပြည်သူများအနေဖြင့် အမှိုက်များ နှင့်စပ်လျဉ်းပြီး မိမိကိုယ်တိုင်နှင့် သက် ဆိုင်ပြီး စိတ်ပါစွာဖြင့် ပျော်ပျော်ရွှင်ရွှင် အမှိုက်ကောက်နိုင်ရန်၊ အမှိုက်ကောက် ခြင်းသည် ရှက်စရာ မဟုတ်သည်ကို ပြည်သူများအနေဖြင့် သိရှိစေရန်၊ ပြည်သူများမှ ပူးပေါင်းဆောင်ရွက်မှု အလေ့အထကို ရရှိစေရန်၊ အမှိုက် ကောက်ခြင်းအလေ့အထအား ရပ်ကွက် အလိုက် ဆောင်ရွက်နိုင်စေရန်နှင့် ပြည် သူလူထုအနေဖြင့် အမှိုက် အမျိုးအစား ကို စနစ်တကျ ခွဲခြားစွန့်ပစ်သည့် အလေ့အထရရှိစေရန် ရည်ရွယ်ပြီး ပြိုင် ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း လမ်းစအဖွဲ့ ထံမှ သိရသည်။

” အားကစားပြိုင်ပွဲလို အမှိုက် ကောက် ပြိုင်ပွဲ လုပ်ပေးခြင်းအားဖြင့် စာသင်ကျောင်းများနှင့် ရပ်ကွက်များ အတွင်း အမှိုက်ကောက်ပြိုင်ပွဲတွေ လုပ် လာနိုင်တယ်” ဟု လမ်းစအဖွဲ့ဝင် ဦးမိုးသူရက ပြောသည်။

ယင်းအမှိုက်ကောက်ပြိုင်ပွဲတွင် အဖွဲ့တစ်ဖွဲ့တွင် ၅ ဦးပါရှိပြီး အဖွဲ့ပေါင်း ၂၉ ဖွဲ့ရှိကာ အမှိုက်အမျိုးအစားများ ခွဲခြားပြီး ကောက်စေခဲ့ခြင်း ဖြစ်သည်။
ရရှိလာသည့် အမှိုက်များ၏ အလေးအချိန်အပေါ်မူတည်ပြီး ပထမဆု ငါးသောင်းကျပ်၊ ဒုတိယဆု သုံးသောင်း ကျပ်နှင့် တတိယဆု နှစ်သောင်း ကျပ်တို့ ချီးမြှင့်ပေးခဲ့ကြောင်း လမ်းစ အဖွဲ့ထံမှ သိရသည်။