၁၀ နှစ်ကြာ ရပ်နားခဲ့သည့် နဂါးအက ပြန်အသက်ဝင်

0
456

မြိတ်တွင် ၁၀ နှစ်ကြာ ရပ်နားခဲ့ ထားရသည့် နဂါးအကသည် ယခုနှစ် ဒီဇင်ဘာလမှစပြီး ပြန်လည် အသက်ဝင် လာပြီဖြစ်ကြောင်း ယင်းနဂါးက အဖွဲ့ ခေါင်းဆောင် ဦးမောင်ဇော်က ပြောကြား သည်။

အဆိုပါ နဂါးအကကို ၁၉၉၆ ခုနှစ် မှစပြီး အမှတ်(၁)ဘောတံတား လူငယ် များအဖွဲ့မှ စုပေါင်းကာ နှစ်စဉ် ရတနာ မြတ်သုံးပါးပူဇော်ပွဲတွင် နဂါးအကဖြင့် အလှူခံခဲ့ကြောင်း နဂါးအကအဖွဲ့ထံမှ သိရ သည်။
နဂါးအကအဖွဲ့ဝင် ဦးဆောင်လုပ် ကိုင်မည့် သူမရှိခဲ့သဖြင့် ၂၀၀၆ ခုနှစ်မှ စပြီး ရတနာမြတ်သုံးပါးပူဇော်ပွဲနှင့် နဂါးကအဖွဲ့ကို ရပ်နား ထားခဲ့ရသည်။
ယင်းနဂါးအကအဖွဲ့တွင် နဂါး အထီးနှင့် အမ နှစ်ကောင်ရှိပြီး နဂါး တစ်ကောင်လျှင် လူ ၇ ဦးပါဝင် ကပြခဲ့ ရကာ အလှူခံရငွေများကို ဘုန်းတော် ကြီးကျောင်းများသို့ လှူဒါန်းမည်ဖြစ် ကြောင်း ယင်းအဖွဲ့မှ သိရသည်။