ထိုင်းနိုင်ငံသား ၄ ဦး အုန်းသီး ခြောက် တရားမဝင် ကုန်သွယ်မူဖြင့် အဖမ်းခံရ

0
504

ခွင့်ပြုချက်မရှိဘဲ အုန်းသီးခြောက် ကုန်သွယ်ရောင်းဝယ်မှုဖြင့် ထိုင်းနိုင်ငံ သား ၄ ဦးအား ကော့သောင်းခရိုင်၊ ပြည်ကြီး မဏ္ဍိုင်မြို့နယ်တွင် ဖမ်းဆီး ထားကြောင်းပြည်ကြီးမဏ္ဌိုင်မြို့ ရဲစခန်း ထံမှသိရသည်။

၎င်းတို့သည် တရားဝင်လုပ်ကိုင်ခွင့် မရှိဘဲ မော်တော်ယာဉ် ၄ စီး ဖြင့် အုန်းသီးခြောက်များ လာဝယ်နေ၍ အရေး ယူပေးရန် ပြည်သူများ တိုင်တန်းလာ သည့်အတွက် အုပ်ချုပ်ရေးအဖွဲ့နှင့် ပူး ပေါင်းကာ သွားရောက်စစ်ဆေးဖမ်း ဆီးခဲ့ခြင်းဖြစ်သည်ဟု ပြည်ကြီးမဏ္ဌိုင် မြို့ရဲစခန်းမှ ရဲတပ်ကြပ်ဝဏ္ဏက ဆိုသည်။
ယင်းနောက် ပြည်ကြီးမဏ္ဌိုင်မြို့ ဘန်းဂလားကျေးရွာအုပ်စု၊ ၁၀ မိုင်ကျေး ရွာတွင် ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်သည်။
အုန်းသီးခြောက် များတင်ထား သည့်ကား ၄ စီးတို့ကို သိမ်းဆည်း ထားကြောင်း ရဲစခန်းထံမှ သိရသည်။

၎င်းတို့ကိုပို့ကုန်^သွင်းကုန် ဥပဒေ အရ အရေးယူရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်ဟု ပြည်ကြီးမဏ္ဌိုင်မြို့ ရဲစခန်းထံမှသိရသည်။