တူမီးသေနတ်များ ဒီဇင်ဘာလကုန်အထိ မအပ်က အရေးယူခံရမည်

0
443

လာမည့် ဒီဇင်ဘာလကုန်သည် အထိ တရားမဝင် တူမီး သေနတ် ကိုင်ဆောင်ထားသူများကို လက်နက် လာရောက်အပ်နှံခြင်း မရှိပါက လက် နက်ဥပဒေဖြင့် အရေးယူ သွားမည်ဖြစ် ကြောင်း လောင်းလုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ကပြောကြားသည်။

လက်ရှိအချိန်တွင် လောင်းလုံး မြို့နယ်အတွင်း တူးမီးသေနတ်များ လာအပ်ရန် ညွှန်ကြားခဲ့ပြီး နိုဝင်ဘာလ ၅ ရက် မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ သေနတ် ၄၄ လက် လာရောက် အပ်နှံ ခဲ့ပြီးဖြစ်ကာ ဒီဇင်ဘာလ ၃၀ ရက် နောက်ပိုင်းတွင် စစ်ဆေးဖမ်းဆီးသွား မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ကဆိုသည်။

” ရွာနဲ့ ဝေးတဲ့ အနေအထားတွေမှာ တော့ ရှိလိမ့်ဦးမယ် ထင်တယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဝင်း ကပြောသည်။
တူမီးသေနတ်များ လာရောက် အပ်နှံကြရန်လောင်းလုံးမြို့နယ် အတွင်း ရှိ ရပ်ကွက်၊ ကျေးရွာများတွင် လိုက်လံ ဆော်ဩနေကြောင်း ၎င်းကဆိုသည်။
တရားမဝင်လက်နက်များ လာ ရောက်အပ်နှံကြရန် ပြီးခဲ့သည့်နှစ်က ညွှန်ကြားထားပြီးဖြစ်ကာ ယခုနှစ်တွင် ဘူးထောင့်ကမ်းခြေတွင် သေနတ်ကိုင် ဆောင် သွားလာသည့် ကိစ္စဖြစ်ပွားပြီး နောက်ပိုင်း ယင်းကဲ့သို့ ထပ်မံ ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။

လက်နက်ခဲယမ်းများကို တရား မဝင် ကိုင်ဆောင်ခွင့်လုံးဝမရှိသည့်အတွက် ရပ်ရွာအေးချမ်းသာယာစေရန် ယင်းကဲ့သို့ ဆောင်ရွက်မှုမှာ ကောင်းမွန် ကြောင်း လောင်းလုံးမြို့နယ် အောက် ရေဖြူရွာမှ အသက် ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦးကထောက်ခံပြော ဆိုသည်။
ယင်းအပြင် တရားမဝင် ကျောက် မိုင်းခွဲရာတွင် အသုံးပြုသည့် ဒိုင်းနမိုက် (ခဲယမ်း)များမှာ အန္တရာယ်ပိုများသည့် အတွက် အဆိုပါ ခဲယမ်းများကိုလည်း တင်းတင်းကျပ်ကျပ် စိစစ်ဖမ်းဆီးစေချင် ကြောင်း ၎င်းအမျိုးသား ကဆို သည်။

“ကျောက်မိုင်းခွဲဖို့ ဒိုင်းနမိုက်တွေ တရားမဝင် အသုံးပြုနေတာတွေက ပိုပြီး အန္တရာယ်များတယ်” ဟု အဆိုပါ အမျိုး သားက ပြောသည်။
ပြီးခဲ့သည့်နှစ်က ထားဝယ်ခရိုင် အတွင်း တရားမဝင် တူမီးသေနတ် အလက်ပေါင်း ၁၅၀၀ ကျော် လာရောက် အပ်နှံခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။