ထီးခီးစက်မှုဇုန် ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်ခံရ

0
472
ထီးခီးကုန်သွယ်မှု စခန်းတစ်နေရာ

ထားဝယ်ဒေသအတွင်း ထိုင်းနှင့် မြန်မာ နယ်စပ်တွင် တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးလိုက်သည့် ထီးခီးစက်မှုဇုန်မှာ ပွင့်လင်း မြင်သာမှု မရှိကြောင်း အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က ဝေဖန်မေးခွန်းထုတ်လိုက် သည်။ဒီဇင်ဘာလ ၁၃ ရက်နေ့က ထီးခီး စက်မှုဇုန်နှင့် ဆက်စပ်စီမံကိန်းများကို အကောင်အထည်ဖော်မည့် ကုမ္ပဏီ အချင်းချင်း သဘောတူစာချုပ် လက်မှတ် (MoU) ရေးထိုးခဲ့ကြပြီး နောက် တစ်ရက်အကြာ တစ်နိုင်ငံလုံးရှိ အရပ် ဘက်လူမှုအဖွဲ့အစည်း ၃၁၃ ဖွဲ့က ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူလူထုကို ရှင်းရှင်းလင်း လင်းချမပြဘူး။ စီမံကိန်း အသေးစိတ်ကို ပြည်သူကို ချပြဖို့လိုတယ်။ ဒေသခံ တွေရဲ့ သဘောထားကိုမယူဘဲ မလုပ် သင့်ဘူး” ဟု တာကပေါလူငယ်အဖွဲ့မှ နော်ပီသလောက ပြောသည်။ လက်မှတ်ရေးထိုးရာတွင် ပါဝင် သော တာကပေါ လူငယ်အဖွဲ့သည် တနင်္သာရီတိုင်းအတွင်းရှိ စီးပွားရေး စီမံကိန်းများနှင့် ပတ်သက်၍ အဓိက ထားစောင့်ကြည့်နေသော အရပ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထိုအပြင် လက်မှတ်ရေးထိုးပွဲ ဖိတ်ကြားစာတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အမှတ်တံဆိပ် (Logo) ပါရှိခဲ့ပြီး KNU ဥက္ကဋ္ဌ မူထူး စေးဖိုးမှ ကြွရောက် ချီးမြှင့်ခြင်းတို့ကြောင့် ထီးခီး စီမံကိန်းတွင် KNU ၏ ပါဝင်မှု ကိုလည်း အထက်ပါ အရပ်ဘက်အဖွဲ့ အစည်းများက မေးခွန်းထုတ်ခဲ့သည်။

စီမံကိန်းအတွက် လုပ်ဆောင် နေမှုများသည် ပွင့်လင်းမြင်သာမှု မရှိ သည့်အပြင် နိုင်ငံတကာမှ ထုတ်ပြန် ထားသည့် လူ့အခွင့်အရေးမူများကို လိုက်နာခြင်းမရှိကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ဧက ၆၀၀၀ ကျော်ရှိသည့် ထီးခီး စက်မှုဇုန်စီမံကိန်းအပြင် စီမံကိန်း အ တွက်လိုအပ်သည့်လျှပ်စစ်နှင့် တနင်္သာရီ တိုင်းကို ထောက်ပံ့ရန် အတွက် လျှပ်စစ် စီမံကိန်း (Renewable energy)၊ ပင် လယ်ထွက် ပေါက်အဖြစ်ဆိပ်ကမ်းတစ်ခု နှင့် စက်မှုဇုန်နှင့် ဆိပ်ကမ်းဆက်သွယ် သည့်လမ်းတို့ ပါဝင်မည်ဖြစ်ကြောင်း Sကည ညေိ Rငေညဘသတ ကုမ္ပဏီထံမှ သိရ သည်။

လျှပ်စစ်အတွက်ကိုမူ ရေအား၊ လေ အားနှင့် နေရောင်ခြည်တို့မှ စွမ်းအင်ကို ရယူမည်ဖြစ်ပြီး ရေအားလျှပ်စစ်အတွက် တနင်္သာရီတိုင်းတွင် အရှည်ဆုံးမြစ် ဖြစ် သည့် တနင်္သာရီမြစ်တွင် ရေကာတာ တည်ဆောက်မည်ဖြစ်ကြောင်း Sun and Rainbow ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးငွေစိုးက ဆိုသည်။
ယင်းစီမံကိန်းကို အကောင်အထည် ဖော်ရန် တရုတ်ကုမ္ပဏီဖြစ်သည့် ဏသတနမ ဃ့ငညa ကုမ္ပဏီ၊ တပ်မဟာ ၄ KNU (မြိတ်-ထားဝယ်ခရိုင်) ၏ စီးပွားရေးလုပ်ဆောင်ပေးနေသည့်Power China ကုမ္ပဏီနှင့် KNU ကိုယ်စားပြုကုမ္ပဏီတစ်ခုဖြစ်သည့် Sun and Rainbow ကုမ္ပဏီတို့ နားလည် မှုသဘောတူစာချုပ်တွင် လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။

” လက်ရှိသွားနေတဲ့ Peace Process တို့ Political Dialogue တွေ မပြီးသေးခင် ဒီလိုစီမံကိန်းတွေ ဝင်မလာသင့်သေးဘူး ” ဟု နော်ပီသ လောက ပြောသည်။နေရပ်စွန့်ခွာခဲ့ရသည့် စစ်ဘေး ရှောင်သူများ နေရပ်ပြန်လာပါက ယင်း စီမံကိန်းများကြောင့် အခက်အခက်များ စွာကြုံတွေ့နိုင်ကြောင်း ၎င်းက ဆိုသည်။

” ဘန်းချောင်းကျောက်မီးသွေး ဧက ၆၀ တောင် မရှင်းနိုင်သေးဘူး။ တကယ် စီမံကိန်းလုပ်မယ်ဆိုရင် ကြိုအကြောင်း ကြားအသိပေးပြီးစစ်တမ်းကောက်သင့် တယ်” ဟု ကမိုသွေး လူထုအခြေပြု ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဖွံဖြိုးရေး ကော်မတီ ဥက္ကဋ္ဌစောခိုက ပြောသည်။
ယင်းစီမံကိန်းများနှင့် ပက်သက်၍ ကန့်ကွက်မှုများရှိလာနိုင်သည်ကို ကြိုတင်မျှော်မှန်းထားကြောင်း Sun and Rainbow ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးငွေစိုးက ပြောသည်။

” Social Impact အရ အများကြီး ဖြစ်နိုင်တယ်။ ဆုံးရှုံးသွားတာနဲ့ ပြန်ရတဲ့ ဟာမှာ ဘယ်ဟာသာသလဲဆိုတာကို အမှန်အတိုင်းမြင်ဖို့ပဲလိုပါတယ်လို့ ကျွန် တော်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။ကုမ္ပဏီချင်း သဘောတူ လက်မှတ် ရေးထိုးပွဲကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ မူထူးစေးဖိုးနှင့် ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။