ထားဝယ်တက်တူးဆရာ ထိုင်းတက်တူးပြိုင်ပွဲ ပထမဆုရ

0
1965

ထိုင်းတက်တူးပြိုင်ပွဲ၏ အအေအသသသတူ အမျိုးအစားတွင် ထားဝယ်တက်တူး ဆရာတစ်ဦး ဗိုလ်စွဲခဲ့သည်။ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထိုင်း နိုင်ငံ ကန်ချနဘူရီမြို့၌ ကျင်းပသော “THE WELCOME TATOO CONVENTION” ” တက်တူးပြိုင်ပွဲ၌ tattoo owl တွင်ဒုတိယဆု၊ tattoo lady night တွင် တတိယဆုတို့ချီးမြှင့် ခံခဲ့ရသည်။

မူလက ဒုတိယနှင့် တတိယဆု အသီးသီးရရှိခဲ့သော်လည်း ရမှတ်စိစစ် ပြီးနောက် နောက်ပိုင်းတွင် ပထမဆု ဖလားရရှိခဲ့ကြောင်း ပြန်လည်အကြောင်း ကြားလာခြင်းဖြစ်ကြောင်း တက်တူး ဆရာကိုနေလင်းထွန်း (ခေါ်) ကိုလူလူက ပြောကြားသည်။

ပွဲစီစဉ်သည့် ကုမ္ပဏီနှင့် အကဲဖြတ် ဒိုင်များက ရမှတ်များကို သေသေချာချာ ပြန်စိစစ်ပြီးချိန်တွင်သူ၏ tattoo owl (ဇီးကွက်တက်တူး) မှာနံပါတ် ၁ ရနေ သဖြင့်လက်ရှိဒုတိယဆုအား ပထမဆု ဖလားဖြင့် ပြန်လဲပေးရန်ဒီဇင်ဘာ ၁၉ ရက်တွင် ထိုင်းမြို့တော်ဘန်ကောက်သို့ ဖိတ်ခေါ်ထားကြောင်း ကိုလူလူက ပြောသည်။

” ပထမရတယ်ကြားတော ပြောမ ပြတတ်အောင်ဝမ်းသာတယ်၊ ဆုဆိုတာ မျှော်လင့်ချက်တစ်ခုပေါ့၊ ပန်းတိုင်တစ်ခု လည်းဖြစ်တယ်၊ နောက်ပွဲတွေလည်း ဆက်ကြိုးစား ဝင်ပြိုင်သွားမယ် ” ဟု ကို လူလူက ပြောသည်။
ယခုပြိုင်ပွဲတွင် တက်တူးအမျိုး အစား ၇ မျိုးအနက် ကိုလူလူက ၄ မျိုး ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကိုလူလူ၏ တက်တူးထိုးသက် တမ်း ၃ နှစ်အတွင်း ထိုင်းနိုင်ငံတွင်ပြိုင် ပွဲ ၃ ကြိမ်ဝင်ခဲ့ဖူးရာ ယခုတစ်ကြိမ်တွင် ပထမဆုံးဆု ရဖူးခြင်း ဖြစ်သည်။ထားဝယ် YYM တက်တူးစတူဒီ ယိုမှ တက်တူးဆရာကိုရဲကထားဝယ် ဒေသခံတစ်ဦး ထိုင်းတွင်ယခုကဲ့သို့ တက်တူးဆုရရှိသည့်အပေါ် ကျေနပ်ဂုဏ် ယူမိကြောင်းပြောသည်။
” အပြင်မှာမဆုံဖူးပါဘူး၊ ကိုယ့် ဒေသ သားဆုရတယ်ကြားတော့ ကျေနပ် တယ်ဂုဏ်ယူတယ်” ဟု ကိုရဲက ပြော သည်။

ယင်းပွဲတွင် ထိုင်းနိုင်ငံသား တစ်ရာခန့် ဝင်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ သားအနေဖြင့် ကိုလူလူတစ်ဦးသာပါ ဝင်ကြောင်း သိရသည်။ကိုလူလူသည် ထိုင်းနိုင်ငံလတ်ဘူ ရီမြို့တွင် တက်တူးစတူဒီယို ဖွင့်ထား သည်။ယခုကဲ့သို့ ဆုရရှိခြင်းဖြင့်တက်တူးထိုးမည့်သူတို့ ယုံကြည်မှုပိုရစေနိုင် ကြောင်း ကိုလူလူက ပြောသည်။

” တက်တူးက ကျွန်တော့်ထမင်းစား အလုပ်ပါ ” ဟု ကိုလူလူက ဆိုသည်။
ငယ်ငယ်ကတည်းက ပန်းချီဝါ သနာပါခဲ့သည်ဆိုသော ထားဝယ်၊ ပကာ ရီရွာဇာတိ ကိုလူလူသည် တက် တူးဆိုင်မဖွင့်ခင်က ထိုင်းစားသောက် ဆိုင်တစ်ခုတွင် ၁၀ နှစ်ကျော် လုပ်ကိုင် ခဲ့ဖူးသည်။