ထားဝယ်လေဆိပ်ယာဉ် ဝင်ကြေး မကောက်ခံတော့

0
405

ထားဝယ်လေဆိပ်ဝင်းအတွင်း ဝင်ရောက်သည့် ကား၊ သုံးဘီးနှင့် ဆိုင် ကယ်များအား ဝင်ကြေး (ယာဉ်ရပ်နားခ) ကောက်ခံခြင်းပြုတော့မည်မဟုတ်ဟု တာဝန်ခံကောက်ခံနေသူ ဦးဝင်းစိုးက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောသည်။

လေဆိပ်အဆင့်မီရေးလုပ်ငန်းစီမံ ချက်အရ တိုင်းစိုးရအဖွဲ့၏ခွင့်ပြုချက် ဖြင့် ဒီဇင်ဘာ ၂ ရက်နေ့က စတင် ကောက်ခံခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်မှု အချို့ကြုံရပြီးနောက် ရပ်နားလိုက်ခြင်း ဖြစ်သည်။စီမံချက်အရ အမိုးပါသည့် ကားပါ ကင်၊ ဆိုင်ကယ်များထားရန် နေရာ၊ ခရီးသည်နားနေရန် နေရာများဆောက် လုပ်သည့်လုပ်ငန်းများပါဝင်ပြီး ဝင်ကြေးကို ကားတစ်စီးလျှင် ၅၀၀ ကျပ်၊ သုံးဘီး၃၀၀ကျပ်၊ ဆိုင်ကယ် ၂၀၀ ကျပ် ကောက်ခံမည်ဟုပါဝင်ကြောင်း ဦးစိုးဝင်းက ပြောသည်။

” ဝန်ကြီးချုပ်က စီမံချက်အတိုင်းပဲ ဆက်လုပ်ဖို Y ညွှန်ကြားတယ်။ နောက် ထပ် ကုန်ကျစရိတ်ကို ဝန်ကြီးချုပ်က ကျခံမယ်လို့ ပြောတယ်။ ဒါကြောင့် ကွင်းဝင်ကြေး ကောက်ခံမှုကိုချက်ချင်း ရပ်လိုက်တယ် ” ဟု ဦးဝင်းစိုးက ဆို သည်။သို့သော် ဝင်ကြေးမှာ လူတိုင်းမပေး ရဘဲ အချို့သူများမှာ ဝင်ကြေးကောက်ခံ နေမှန်းပင် မသိပေ။

တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်မှာ နိုင်ငံခြားခရီးစဉ်တစ်ခု ရှိနေသဖြင့် တနင်္သာရီအပတ်စဉ်မှ ဝန်ကြီးချုပ် အားတွေ့ဆုံမေးမြန်းခွင့် မရသေးပေ။