ပွင့်လင်းရာသီရောက်သော်လည်း ထားဝယ်မြေဈေး မလှုပ်

0
456

ပွင့်လင်းရာသီ ရောက်လာသော် လည်း ထားဝယ်မြို့၏ အိမ်ခြံမြေများ အရောင်းအဝယ်နည်းပါးပြီး ငြိမ်သက်ဆဲ ဖြစ်ကြောင်းအိမ်ခြံမြေဈေးကွက် အတွင်း မှ သိရသည်။

ထားဝယ်မြို့ပေါ်တွင် သိန်းတစ် ထောင်ဝန်းကျင် မြေကွက်အနည်း အငယ်နှင့် ဝဲကျွန်းမြို့သစ်ရှိမြေကွက် အနည်းအငယ်သာ အရောင်းအဝယ်ရှိပြီး ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ် ပါက အေးစက်နေသည့် အနေအထားဖြစ်သည် ဟု ထားဝယ် အိမ်ခြံမြေဝန်ဆောင်မှု အသင်းထံမှ သိရသည်။

” အဓိက ကတော့ ဝယ်လိုအား နည်းနေတာ။ ရောင်းမယ့်သူတွေတော့ရှိ တယ်” ဟု ထားဝယ်အိမ်ခြံမြေဝန်ဆောင် မှု အသင်းမှ တာဝန်ရှိသူက ပြောသည်။
ရောင်းလိုသူရှိသော်လည်း ဝယ် မည့်သူမရှိခြင်း၊ အခြားဒေသမှ လုပ်ငန်း ရှင်များစိတ်ဝင်စားမှုမရှိခြင်း၊ ဒေသတွင်း ငွေကြေးတတ်နိုင်သူများမှာ ရင်းနှီးမြှုပ်နှံ ထားသည့် မြေများတွင် ငွေသေနေသဖြင့် ငွေကြေးလည်ပတ်မှုမရှိခြင်း စသည့် အချက်များကြောင့် မြေဈေးကွက်ငြိမ် သက် နေခြင်းဖြစ်ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

” အရောင်းအဝယ်က အရမ်းအေးနေ တယ်။ နယ်ဘက်တွေမှာလည်း အေး တယ်။ မြို့သစ်မှာတောင် အရောင်း အဝယ်မရှိဘူး။ ရေနက်ဆိပ်ကမ်းဘက် မှာလည်း ဘာမှမလုပ်တော့ ငြိမ်နေ တယ်” ဟု ထားဝယ်မြို့ပေါ်မှ အိမ်ခြံ မြေအကျိုးဆောင်တစ်ဦးက ဆိုသည်။
ထားဝယ်တွင် အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေသော်လည်း ဈေးနှုန်း အတက်အကျမရှိကြောင်း သိရသည်။

” အားလုံးက ထားဝယ်စီမံကိန်းကို မျှော်နေတဲ့သဘောဖြစ်နေတယ်။ စီမံ ကိန်း အကောင်အထည်ဖော်မှုအပေါ်မှာ အပြောင်းအလဲရှိနိုင်မလားလို့ပေါ့” ဟု အသင်းတာဝန်ရှိသူက ပြောသည်။