ငါးဖမ်းစက်လှေများ ကျွန်းပေါ်တက် အကူအညီတောင်းနိုင်

0
504

ငါးဖမ်းလှေများ ပင်လယ်ပြင်တွင် ဘေးအန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ပါ က နီးစပ်ရာ မည်သည့်ကျွန်းကိုမဆို တက်ရောက် နာခိုးကာ အကူအညီ တောင်းနိုင်ကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ခရီးသွားလုပ်ငန်း လုပ်ကိုင်ခွင့်ရ ကျွန်းအချို့ပေါ်တွင် ကျွန်းပေါ်မတက်ရ၊ ငါးမဖမ်းရ စသည်ဖြင့် ဆိုင်းဘုတ်များ ချိတ်ဆွဲ သတိပေးထားသည့် အတွက် တစ်ခါတစ်ရံ ရာသီဥတုကြောင့် နီးစပ်ရာ ကျွန်းပေါ် တက်ရောက်နားခိုရန် အခက် အခဲရှိကြောင်း ကမ်းနီးရေလုပ်သား များ က ဝန်ကြီးချုပ်ထံ တင်ပြပြီးနောက် ထို သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆိုင်းဘုတ်များကို စိုက်ထူ ခြင်း၊ ချိတ်ဆွဲခြင်း မပြုရန်နှင့် သဘာဝ ဘေး အန္တရာယ်ကြုံလာပါက ရေလုပ်သား များကို ကျွန်းပေါ် တက်ခွင့်ပြုရန်အတွက် မြိတ်ကျွန်းစု ရှိ ကျွန်း ၁၁ ကျွန်းမှ ခရီး သွား လုပ်ငန်း ကုမ္ပဏီများနှင့် ဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

” ဇူလိုင်လ မှာကတည်းက ခရီး သွား လုပ်ငန်းကုမ္ပဏီတွေကို ခေါ်ယူ ဆွေးနွေးခဲ့တာပါ။ အခုဆို နီးစပ်ရာ ကျွန်းတွေမှာ ဝင်ရောက်နားခိုလို့ရပြီ ” ဟု ၎င်းက ဆိုသည်။ ငါးဖမ်းလှေများ သောက်သုံးရေ ရေချိုအလိုရှိ၍ကျွန်းပေါ် ရေတက်ဖြည့် ခြင်းများကို ကျွန်းများက ခွင့်ပြုပေးဖို့ လည်း တနင်္သာရီ ဝန်ကြီးချုပ်ဒေါက်တာ လဲ့လဲ့မော်က ဒီဇင်ဘာလ ၁၀ ရက်နေ့ ခရီးသွား ကုမ္ပဏီများနှင့် တွေ့ဆုံပွဲတွင် မှာကြားခဲ့သည်။

” အခုတော့ ဆိုင်းဘုတ်တပ်ထားတာ မတွေ့ရတော့ပါဘူး လို့ ကျွန်တော် လှေ အလုပ်သမားတွေက ပြောပြပါတယ်” ဟု ကမ်းနီးငါးဖမ်း လှေပိုင်ရှင် ဦးငြိမ်းက ပြောသည်။
မြန်မာနိုင်ငံ ကျွန်းစုများအတွင်း ငှက်သိုက်/ပုလဲကဲ့သို့သော လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း နှင့် ငါးဖမ်းလုပ်ငန်းတို့ တစ်ခါတစ်ရံ ပဋိပက္ခ ဖြစ်ပွားလေ့ ရှိသည်။