ကော့သောင်း ဘာဖြစ်

0
1309

ဒေသအသီးသီးက သူ့ဟာနဲ့သူ ဟန်ချက်ညီညီ၊ သင့်တင့်လျောက် ပတ် အောင် လှုပ်ရှားနေချိန် တိုးတက်အောင် လုပ်ဆောင်နေချိန်မှာ ကော့သောင်းက ငြိမ်ချက်သား ကောင်းနေပါတယ်။
ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး ဘက် ကြည့်တော့လည်း ငြိမ်ချက်သား ကောင်း နေပါတယ်။

လမ်း
မြိတ်မှာဆိုရင် နိုင်လွန်ကတ္တရာတွေ အစီအရီ ခင်းနေကြတယ်။ လမ်းချဲ့တာ တွေ၊ လမ်းပြင်တာတွေ တောက်လျှောက် လုပ်နေကြတယ်။ ထားဝယ်မှာဆိုရင်လည်း တစ်မြို့လုံး နိုင်လွန်ကတ္တရာတွေ ခင်း ထားတော့ နယ်ဝေးဧည့်သည်တွေလာရင် ” နိုင်ငံခြားရောက်နေသလိုပဲ ” ဆိုပြီး ထောပနာပြုကြတယ်။ ရေမြောင်း တွေ၊ ပလက်ဖောင်းတွေ၊ ပန်းခြံတွေ မနား တမ်း တူးဖော် အလှဆင်နေကြတယ်။

ကော့သောင်းမှာကျတော့ လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်က သူဌေးကျွန်းက ခင်းပေး ထားတဲ့ ဗိုလ်ချုပ်လမ်း (ဟိုင်းဝေးလမ်း) တစ်လမ်းပဲ ကောင်းကောင်းရှိတယ်။ ဒါတောင် မနှစ်က ကတ္တရာပိုတယ်ဆိုပြီး နှမ်းလာဖြူးလိုက်တာ ပိုတောင် အရုပ်ဆိုး သွားတယ်လို့ ပြောလို့ရတယ်။ နို့နှစ်ရောင် သမ်းပြီး အရမ်းလှတဲ့ ကတ္တရာလမ်း ဟောင်းပေါ်မှာ ဟိုနား တစ်ကွက်၊ ဒီနား တစ်ကွက် ကတ္တရာရည်တွေ လာဖြန်း ထားတော့ အဝေးက ကြည့်လိုက်ရင် စင်းကြားစောင်လိုလို၊ စပ်စောင်လိုလို မလှမပ ဖြစ်နေတယ်။
ဗိုလ်ချုပ်လမ်းကလွဲရင် အကုန်ဆိုး ဆိုးဝါးဝါး တွေချည်းပဲ။

အဆိုးဆုံးကတော့ မြရည်ပုလမ်း တောက်လျှောက်။ နှစ်တိုင်း လုပ် နှစ်တိုင်းပျက်။ ရွှေဟင်္သာပိုင်း လုပ် နေတုန်းရှိသေးတယ်၊ အေးရိပ်ငြိမ်မှာ ပျက်နေပြီ။ မိုးဦးကျကမှ လုပ်ထားတဲ့ လမ်းပိုင်းတွေ အခုပျက်နေပြန်ပြီ။ ကော့သောင်းမြို့မှာ အရှည်ဆုံး  မြို့တွင်း လမ်းဖြစ်တဲ့ မြရည်ပုလဲလမ်း ပျက်စီးရ ခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ရေမြောင်း မကောင်းလို့ပါ။
ဒီလမ်းက မြို့အနေအထားအရ တောင်စောင်းမှာ ဖောက်ထားတာပါ။

ဒါ ကြောင့် ရေမြောင်းကို တောင်နား ကပ် ဖက်ခြမ်းမှာပဲ တူးထားပါတယ်။ ပါချန် မြစ်ဘက်ခြမ်းမှာတော့ မြောင်း မရှိဘူး။ တကယ်တော့ လမ်းရဲ့ တစ်ဖက်တစ်ချက် ဆီမှာ မြောင်းရှိနေအောင် လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ အကယ်လို့မြောင်း မဖောက် နိုင်ဘူးဆိုရင် လမ်းထပ်ပိုးတဲ့အခါ မြောင်း မရှိတဲ့ဘက်ကို နည်းနည်းမြှင့်ပြီး ဖို့သင့် ပါတယ်။ ဒါမှ မိုးရွာတဲ့အခါ ရေအိုင်မနေ တော့ဘဲ ရေမြောင်းထဲကို မြန်မြန်စီးဆင်း သွားမှာ ဖြစ်ပါတယ်။ တချို့အိမ်နဲ့ စားသောက်ဆိုင် အချို့ဆိုရင် ရေဆိုး ရေညစ်တွေကို လမ်းပေါ်ကို လွှတ်ထား တာတွေရှိတဲ့အတွက် ရပ်ကွက်တာဝန် ရှိသူတွေက တားဆီးပေးဖို့ လိုအပ်ပါတယ်။

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် မှာ ရှမ်းကမ်းကူး ပဲ့ချိတ်ဆိပ်ရှိတဲ့ ဆိပ် ကမ်းသာလမ်းဟာ တော်တော်ကျယ် ပါတယ်။
သို့သော် အဲဒီလမ်းပေါ်မှာ ကား၊ ဘေးတွဲတွေ နှစ်ထပ်၊ သုံးထပ် ရပ်ထား ကြတော့ ဖြတ်သွားဖြတ်လာရတာ အဆင် မပြေ တော့ဘူး။ တာဝန်ရှိသူတွေအနေနဲ့ အဓိကလမ်းမဖြစ်နေတဲ့ ဒီဆိပ်ကမ်း သာလမ်းကို စည်းကမ်းတကျ ဖြစ်အောင် ကြပ်မတ်ပေးဖို့ လိုအပ်နေပါပြီ။

ဒီလမ်းဟာ ထိုင်းနဲ့ နိုင်ငံခြားသား တွေ လာရောက်မှု အများဆုံးလမ်း ဖြစ်ပါ တယ်။ နိုင်ငံခြားသားတွေခမျာ ဆိုင်ကယ် ရှောင်လိုက်၊ ဘေးတွဲရှောင်လိုက်နဲ့ ကွေ့ ကောက်တန်းစီ သွားနေကြရတာကို နိစ္စဓူဝ မြင်တွေ့နေရပါတယ်။

ဆိပ်ကမ်းသာလမ်းကြပ်လို့ အပေါ် ကမ်းနားလမ်း(နာရီစင်လမ်း)က ဖြတ် သွားမယ်ဆိုတော့လည်း လမ်းကကျဉ်းတဲ့ အပြင် ပင်ရင်းကုန်စုံဆိုင်တွေက လမ်း တစ်ဖက်တစ်ချက်စီမှာ ဘေးတွဲတွေ၊ ကားတွေ ရပ်ထားပြီး ပစ္စည်းတင်ချ လုပ်နေတာ ပြတ်တယ်လို့ကို မရှိဘူး။ ဒီလမ်းကလေးကို သူဌေးကျွန်းပိုင်ရှင် ဟောင်းက ပြင်ပေးဖို့ ကမ်းလှမ်းဖူး ပေမဲ့ လမ်းနဲ့မလွတ်တဲ့ အိမ်ရှင်တွေက သဘော မတူလို့ အခုအချိန်အထိ မလှမပဖြစ်နေ ရတယ်။
အခုဒီလမ်းပြင်ဖို့ ဘတ်ဂျက်ရလာ ဖို့ရှိတယ်လို့ ကြားနေရတယ်။ မြောင်း ကောင်းကောင်းနဲ့ လမ်းကောင်းကောင်း လေး လုပ်လို့ရအောင် လမ်းဘေးဝဲယာ အိမ်တွေက အစွန်းအစလေးတွေ ဝိုင်းလှူ ကြရင်တော့ဖြင့် ရလိုက်ကြမယ့် ကုသိုလ် တွေ။
အခုလက်ရှိလည်း မြရည်ပုလဲ လမ်းတစ်လျှောက် ကျောက်စရစ်နဲ့ ကတ္တရာ ထပ်ပိုးခြင်းလုပ်ငန်းတွေ လုပ် ဆောင်နေပါတယ်။ ဒါပေမဲ့ မြောင်းကို ကျတော့ ရေစီးရေလာကောင်းအောင် ပြုပြင်နေတာ မတွေ့ရဘူး။ မြောင်း မကောင်းလို့ကတော့ မိုးရာသီ ရောက်တာ နဲ့ ဒီလမ်းထပ်ပျက် မှာပဲ။ ဒီတော့ ရတဲ့ နည်းနဲ့ဘတ်ဂျက်ရှာပြီး ရေမြောင်းကို ရအောင်လုပ်သင့်ပါတယ်။
အခြားမြို့တွေမှာ ရွေးချယ်ခံ စည် ပင်ကော်မီတီဝင်တွေ သွက်သွက်လက် လက်နဲ့ ဖြဲဖြဲစင်အောင် လှုပ်ရှားနေကြ တယ်။
ကျွန်တော်တို့ ကော့သာင်းမှာ ငြိမ် နေကြသလားလို့။

လူမှုစီးပွား
ကော့သောင်းမှာ ကုန်ချောထုတ်ကုန် ဆိုလို့ ရွှေမွန်ကိတ်မုန့် တစ်ခုတည်းပဲ ရှိတယ်လို့ ပြောလို့ရတယ်။ တစ်နေ့ ပါကင် ၁၀-၂၀ လောက်အထိ ရနောင်း ဖက်ထွက်နေတာ တွေ့ရတယ်။ ထိုင်း ကာစတန်ကလည်း လွတ်လွတ် လပ်လပ် သယ်ခွင့်ပေးထားတာ တွေ့ရတယ်။ ဒီလိုလုပ်ငန်းမျိုးကို အစိုးရက မြေတောင် မြှောက်သင့်ပါတယ်။ငါးနဲ့ရေထွက် ပစ္စည်းတွေလည်း ထိုင်းဘက်ပို့နေတယ်ဆိုပေမဲ့ အရင်ထက် အများကြီး လျော့နည်းသွားပါပြီ။ လူမသိ သူမသိ ထိုင်းငါးခိုး ဖမ်းလှေတွေကတော့ ရှိနေတုန်းပဲလို့ သိရတယ်။ အရင်ကဆိုရင် သစ်လုပ်ငန်း၊ မီးသွေးလုပ်ငန်း ကောင်း ကောင်းရှိတယ်။ အခုတော့ ခုတ်စရာ လည်း မရှိတော့ဘူး။ ဖုတ်စရာလည်း မရှိတော့ဘူး။
အဆိုးဆုံးကတော့ ငါးလုပ်ငန်း မကောင်းတော့တာပါ။ ခေတ်အဆက် ဆက် ငါးမျိုးစုံကို မဆင်မခြင် ဖမ်းခွင့်၊ ခိုးခွင့် ပေးထားခဲ့ကြလို့ပါပဲ။ အခုဆိုရင် ကမ်းနီးငါးဖမ်းလှေတွေလောက်ပဲ နည်း နည်းပါးပါး ကျန်တော့တယ်။
ကော့သောင်းမြို့ကြီး ဘယ်တုန်းက စပြီး ခြောက်ကပ်သွားသလဲ မေးလာရင် တော့  ဝါလတ်၊ ဝါတန်းနဲ့ ငါးကဲ့လှေတွေ အတွက် စစ်ဆေးရေးဌာန( Check Point ) ကို မြိတ်မြို့ဆီ ပြောင်းသွားကတည်းကလို့ ပြောနိုင်ပါတယ်။ စစ်အုပ်ချုပ်ရေး ခေတ် ကတည်းက မြိတ်ငါးလုပ်ငန်းရှင်များရဲ့ ဆွဲဆောင်မှုအရ မြိတ်မြို့ကို ရောက်သွား တာပါ။ နိုင်ငံခြားကို သွားမယ့် ငါးတွေကို စိစစ်တဲ့ ချက်ပွိုင့်ဟာ နယ်စပ်မြို့မှာပဲ ဖြစ်သင့်ပါတယ်။ အခုဟာက ငါးဖမ်း စခန်းကနေ မြိတ်ကိုသွား၊ ပြီးရင် ငါးဖမ်း စခန်းကိုပဲ ပြန်ဖြတ်လာပြီး ထိုင်းနိုင်ငံကို တိုက်ရိုက် သွားနေကြတယ်။

 

ဒါဟာ ဆလုံရေချိုး ဆိုတဲ့စကားပုံနဲ့ တူနေပါတယ်။ လှေနေဆလုံတွေ ကျွန်း ပေါ်မှာ ရေတက်ချိုးတဲ့အခါ ရေငန်ကူးပြီး ကျွန်းပေါ်တက်၊ ချိုးပြီးရင် ရေငန်လေး ကူးပြီး လှေဆီကိုပြန်လာတယ်လို့ ကြား ဖူးတယ်။ (ဆလုံလူမျိုးများနှိမ့်ချလိုခြင်း အလျဉ်းမရှိဘဲ ချစ်စရာဓလေ့ကို တင်ပြ ခြင်းမျှသာ ဖြစ်ပါတယ်။) လိုရင်းပြောရ ရင်တော့ ကော့သောင်းမြို့ကို မြိတ် ထားဝယ် နည်းတူ ဖွံ့ဖြိုးသာယာစေဖို့ ဆိုရင် ငါးလှေချက်ပွိုင့်ကို ယခင်အတိုင်း ကော့သောင်းကို ပြန်ရွှေ့ပေးစေချင်ပါ တယ်။
ယခင်က ထိုင်းနိုင်ငံကို အလုပ်သွား လုပ်မယ့်သူတွေဟာ ကော့သောင်းလမ်း တစ်ခုတည်းကပဲ သုံးကြတယ်။

 

ဒီတော့ ဆိုင်ကယ်တက္ကစီ၊ ထမင်း ဆိုင်၊ တည်းခိုခန်းနဲ့ ရနောင်းကူးပဲ့ချိတ် စတာတွေ  အားလုံးစိုစိုပြေပြေ ရှိကြ တယ်။ အခု ထီးခီးနဲ့ မောတောင်လမ်းတွေ ပွင့်သွားတော့ စရိတ်သက်သာတဲ့ အဲဒီ လမ်းကြောင်းတွေကပဲ သွားကြတော့ တယ်။ မြန်မာအလုပ်သမားတွေ အိမ်ပြန် ချင်ရင် ပို့ဆောင်ရေးကားတွေက ထိုင်း အလုပ်ရုံမှာ လာကြိုပြီး ရွာက အိမ်အထိ ရောက်အောင် ပို့ပေးကြတယ်။ ထိုင်း တောင်ပိုင်းကျွန်းတွေနဲ့ ငါးလှေတွေမှာ အလုပ်လုပ်မယ့်သူတွေမျှသာ ကော့ သောင်းက တစ်ဆင့် လာကြတော့တယ်။

 

ဒါကလည်း ကော့သောင်းမြို့ကြီး ခြောက် ကပ်ကပ်ဖြစ်နေရခြင်း အကြောင်းအရင်း တစ်ရပ်ပါ။
ကော့သောင်းမြို့အတွက် မျှော်လင့် ချက်လေးတစ်ခု ရှိနေတာကတော့ ခရီး သွားလုပ်ငန်းပါ။  ခရီးသွားလုပ်ငန်း ဆိုရာမှာ ပြည်တွင်း ခရီးသွားနဲ့ နိုင်ငံခြား သားခရီးသွားဆိုပြီး နှစ်မျိုးခွဲခြား သုံးသပ်ဖို့ လိုပါလိမ့်မယ်။ နိုင်ငံခြား ခရီးသည် အများစုကတော့ ထိုင်းဗီဇာ extension ရအောင် ကော့သောင်းလာပြီး တိုင်လာပတ်ကြတာ များပါတယ်။

 

သူတို့ ဆီကနေ မြန်မာပြည်အတွက် ဝင်ငွေ များများစားစား ရတာ မရှိဘူး။ Visa ကြေး နည်းနည်းပါးပါးလောက်ပဲ ရနေ ပါတယ်။ passport အဝင်ထိုးပြီးတာနဲ့ ဈေးကြီးနား တစ် ပတ်ပတ်၊ အထွက်တုံး ထုပြီး ပြန်သွားကြတယ်။ သူတို့အတွက် ငွေသုံးစရာ ဘာဆွဲဆောင်မှုမှ မရှိတာကိုး။ ထိုင်းတွေ လာတော့လည်း ဒီအတိုင်းပါပဲ။

ဘုရင့် နောင်ရုပ်ထု၊ ပြည်တော်အေးဘုရား နဲ့ ငါးသုံးလုံးတောင်ကို သွားကြတယ်။
ထိုင်းခရီးသွားတွေဆီက ဝင်ငွေရ နိုင်တဲ့နည်းလမ်းတွေ ဝိုင်းစဉ်းစားကြ ရပါတော့မယ်။
ထိုင်းနဲ့နိုင်ငံခြားဧည့်သည်တွေ စိတ်ဝင်စားလောက်တဲ့ အမှတ်တရပစ္စည်း တွေ ရောင်းချနိုင်အောင် တတ်သိ ပညာ ရှင် တွေရဲ့ အကြံအညာဏ်ရယူပြီး အလုပ်ဖြစ်မယ့် အစီအမံမျိုးချဖို့လိုပါ တယ်။

အရင်ခေတ်ကလုပ်ခဲ့တဲ့ မြို့မ တံတားနားက နန်းတော်ပုံစံ ကုန်တိုက် ကြီး၊ အလုပ်မဖြစ်ခဲ့တာကို သင်ခန်းစာ ယူရပါမယ်။ကော့သောင်းမြို့မှာ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးဖို့ဆိုရင် လည်စရာ ပတ်စရာ များများဖန်တီးပေးဖို့ လိုအပ်ပါလတယ်။ ကော့သောင်းမှာ နီးနီးနားနား ကမ်းခြေ ဆိုလို့ ပုလုံးတုံတုံး ကမ်းခြေလေးတစ်ခု တည်းပဲရှိပါတယ်။ ဒါကိုပဲ လက်ဦးမှု ရယူကာ  ခြံဝင်းခတ်ပြီး ပိတ်ထားတော့ ကမ်းခြေဆင်းဖို့ အပေါက်သေးသေးပဲ ကျန်တော့တယ်။

မလိဝမ်းရေတံခွန်၊ ရေပူစမ်းလို ကော့သောင်းရဲ့ ငခသည နေရာတွေကို ဏကဘူငခ နေရာဖြစ်အောင် အစိုးရက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အစိုးရ မလုပ် ပေးနိုင်လို့ ပုဂ္ဂလိကက သန့်သန့်ပြန့် ပြန့်ဖြစ်အောင် လုပ်ထားတော့လည်း ကြိုဆိုရမှာ ဖြစ်ပါတယ်။
၃ မိုင် ကမ်းနဖူးကိုလည်း မြိတ် မှာလို စနစ်တကျလုပ်လိုက်ရင် ရှုခင်း တော်တော် လှသွားမယ်။
၅၅၅ တောင်လိုမျိုး ရှုခင်းကောင်းတဲ့ နေရာတွေမှာ ဘုန်းကြီးကျောင်းအသစ် ထပ်ဆောက်တာမျိုးကိုလည်း သာသနာ ရေးဦးစီးက ခွင့်မပြုသင့်တော့ဘူးလို့ ယူဆပါတယ်။

ဗုဒ္ဓဘာသာ တည်မြဲ ပြန့်ပွားရေးအတွက် ကော့သောင်းမြို့မှာ ဘုန်းကြီးကျောင်းပေါင်းများစွာ ရှိပြီးသား မို့လို့ပါ။ ရှိပြီးသား ဘုန်းကြီး ကျောင်း တွေကို ပိုပြီးအရည်အသွေး ပြည့်စုံ ကောင်းမွန်အောင် ပံ့ပိုးကြဖို့ပဲ လိုပါတယ်။
အချုပ်အားဖြင့်  ကော့သောင်း ဒေသတစ်ခုလုံး ဖွံ့ဖြိုးသာယာရေးအတွက် အခြား ခရိုင်များနည်းတူ တစ်မြို့လုံး နိုင်လွန်ကတ္တရာလမ်းတွေ ဖြစ်လာအောင်၊ မြို့တွင်းလမ်းတိုင်းမှာ လမ်းဘေးမြောင်း တွေ ကောင်းမွန်လာအောင်၊ ဝါလတ်၊ ဝါတန်းနဲ့ ငါးလှေချက်ပွိုင့်များ ကော့သောင်းသို့ ပြောင်းရွှေ့လာနိုင်အောင်၊ ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းများမှ ဒေသပြည်သူများ ဝင်ငွေရရှိအောင် ရွေး ချယ်ခံ ပြည်သူ့အစိုးရမှ အမြန်ဆုံး လုပ် ဆောင်ပေးနိုင်ပါစေကြောင်း အပြုသဘော ဆောင် ဆွေးနွေးတင်ပြလိုက်ပါတယ်။