ရာဘာစက်ရုံ ၃ လအတွင်း အနံ့ သက်ပျောက်ရမည်ဟု ဝန်ကြီးချုပ်ပြော

0
469

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု စမ်းချောင်းရပ်ကွက် ကားလမ်းမကြီး နံဘေးရှိ ရာဘာစက်ရုံကို ၃ လအတွင်း အနံ့အသက်ပျောက်အောင် ပြုလုပ်ပေး ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒီဇင် ဘာလ ၁၂ ရက်နေ့က ယင်းစက်ရုံကို မှာကြားထားခဲ့ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။

ဝန်ကြီးချုပ် မြိတ်သို့မလာမီ ၁၅ ရက်ခန့်အလိုကစက်ရုံအနီးရှိ ရပ်ကွက် နေပြည်သူ ၈၀ ဦးတို့မှ စက်ရုံပြောင်း ပေးရန် တင်ပြလာသဖြင့် ယင်းတင်ပြ စာကို ဝန်ကြီးချုပ်ထံသို့ ပြန်လည်တင်ပြ ပေးခဲ့ကြောင်း ဦးမြတ်ကိုကိုက ပြောပြ သည်။”လာမယ့်နှစ် ၃ လပိုင်းအတွင်း ပြန်လာစစ်ဆေးလို့ ဒီအတိုင်းပဲ ရှိနေ သေးရင် စက်ရုံပြောင်းပေးရမယ်လို့ ပြောကြားထားခဲ့ပါတယ်” ဟု ဦးမြတ် ကိုကို က ပြောသည်။

ယင်းစက်ရုံတွင် အနံ့ဆိုးများ ပပျောက်စေရန် ရေးဆိုးထုတ်စနစ်များကို ကန်များဖြင့်စနစ်တကျ ပြုလုပ်ထား ကြောင်း စက်ရုံမှ သိရသည်။
” အနံ့ကို သက်သာအောင်လုပ်ပေး ပါ ဖြစ်နိုင်ရင် မြို့ပြင်မှာလုပ်ပေးဖို့ကို ဝန်ကြီးချုပ်က ပြောထားခဲ့ပါတယ်” ဟု ရာဘာစက်ရုံပိုင်ရှင် ဦးထွန်းထွန်းဝင်း က ပြောသည်။

အနံ့ဆိုးထွက်နေမှု အကြိမ်ကြိမ်ပြု ပြင်နေသည့်ဟုဆိုသော်လည်း လက်ရှိ အချိန်ထိ အနံ့ဆိုးများ ထွက်ရှိနေသဖြင့် စက်ရုံပြောင်းပေးစေလိုကြောင်း ရပ်ကွက် နေသူအချို့က ဆိုသည်။”အနံ့နဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံးလုပ်ပေးထားပြီးပါပြီ ချက်ချင်း ပြောင်းဖို့ကိစ္စက စက်ရုံအတွက် အခက် အခဲတွေရှိနေသေးတယ်” ဟု စက်ရုံ ပိုင်ရှင် ဦးထွန်းထွန်းဝင်းက ပြောသည်။

ယင်းရာဘာစက်ရုံတွင် အလုပ် သမား ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း စက်ရုံထံမှ သိရသည်။