ကော့သောင်းဆိုင်ကယ်ပြင် ဆိုင်တစ်ခုတွင် သေနတ်များတွေ့ရှိ

0
924

ကော့သောင်းမြို့၊ မနော်ဟရီ လမ်းတွင် ဆိုင်ကယ်ပြင် ဆိုင်ဖွင့်ထား သည့် နေအိမ်တစ်ခုတွင် သေနတ် ၄ လက်၊ ကျည်ဆံများဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။

ယင်းနေအိမ်တွင် ၃၈ ဗို့ ခြောက်လုံး ပြူး သေနတ်တစ်လက်၊ ကော်စေ့ဖြင့် ပစ်ခတ်ရသော သေနတ်ရှည် အပျက် နှဟ်လက်၊ ဂက်(စ်)ဖြင့်ပစ်ရသော ပစ္စတို ပုံ သေနတ်အပျက် တစ်လက် တို့နှင့် အတူ ခြောက်လုံးပြူး ကျည် ၇ တောင့်၊ ၂၂ ကျည် ၂တောင့် ၊ စကားပြော အထိုင် စက်အပျက် ၁လုံးတို့အား ရှာဖွေသိမ်း ဆည်းရမိခဲ့သည်ဟု အထက်ပါရဲစခန်း ထံမှ သိရသည်။

” စကားပြောစက်က အပျက်ကြီး လက်ရှိအသုံးပြုနေ တာမဟုတ်လို့ ဆက် သွယ်ရေး ပုဒ်မတပ်အရေးမယူ ထားဘူး” ဟု အဆိုပါရဲစခန်း၏ စခန်းမှူးက ဆို သည်။လက်နက်များနှင့် အတူဖမ်းဆီးရမိ ခဲ့သည့် အသက် ၄၂ နှစ် အရွယ် အိမ် ရှင်အမျိုးသား အား လက်နက်ပုဒ်မ ၁၉ (စ)အရ အမှုဖွင့်အရေးယူခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက် နေ့တွင် ထောင်ဒဏ်သုံးနှစ် ချလိုက်သည်။

” ပြည်သူလူထုကြားမှာ သေနတ် လို လက်နက်မျိုး မကြာခဏ ဖမ်းမိနေ သံတွေ ကြားရတော့ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကိုပိုမိုဂရုစိုက်ပေးစေချင်တယ်။ တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်နေ သလိုပဲ” ဟု ကော့သောင်းမြို့၊ အေးမြ ကန်သာရပ်ကွက်နေ ဦးထွန်းထွန်းဝင်း ကဆိုသည်။