ပုခက်အတွင်းမှ ၂ နှစ် ကလေး မုဒိမ်းကျင့်ခံရ

0
467

နေအိမ်ကို ဝင်ထွက်သွားလာလေ့ ရှိသူက ပုခက် အတွင်းအိပ်ပျော်နေသည့် အသက် ၂ နှစ်အရွယ် မိန်းကလေး ငယ်အား သားမယားပြုကျင့်မှု ဒီဇင်ဘာ လ ၁၀ ရက်နေ့ညက ပင်လယ်ကမ်း ခြေရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

လောင်းလုံးမြို့နယ်ရှိ ရေလုပ်သား အများစုနေထိုင်သည့် သဘော့ဆိပ်ရွာ တွင် ယင်းနေ့ ည ၁၁ နာရီခန့်က ဖြစ် ပွားခဲ့ ခြင်းဖြစ်ပြီး ကျူးလွန်သူမှာ အသက် ၃၃ နှစ်အရွယ်ရှိ ရေလုပ်သား ဖြစ်သူ အမျိုးသားက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း မောင်းမကန်နယ်မြေ ရဲစခန်းမှူးက ဆိုသည်။ပြီးခဲ့သည့် ၇ နှစ်ခန့်က မိန်းက လေးမိဘများနှင့် ရင်းနှီးကြသူများဖြစ်ပြီး ကျူးလွန်သူက အတူတူ အရက်သောက် ရန် အရက်ဝယ်လာပြီး မိန်းကလေးမိဘ များ မရှိသည့်အတွက် တစ်ဦးတည်း အရက်သောက်နေကြောင်း စခန်းမှူး ကပြောသည်။

အဆိုပါ မိန်းကလေးငယ်၏ မိဘ ၂ ဦးနှင့် မွေးချင်း ၂ ဦးတို့မှာ နေအိမ် တစ်လမ်းကျော်ရှိ လက်ဖက်ရည်ဆိုင်တွင် ဗီဒီယိုသွားကြည့်နေခဲ့ကြောင်း တိုင်း ရဲမှတ်တမ်းအရ သိရသည်။နေအိမ်တွင် တစ်ဦးတည်း ကျန်ခဲ့ သည့် အသက်၂ နှစ်အရွယ် မိန်းကလေး ငယ်ကို ကျူးလွန်ရန်အတွက် စားသုံး ဆီကို ချောဆီအဖြစ် အသုံးပြုခဲ့ပြီး ကျူး လွန်ပြီးနောက် ယင်းနေရာတွင်ပင် အရက် မူးကာ အိပ်ပျော်နေကြောင်း စခန်းမှူးက ဆိုသည်။” ဒီလို အသက်အရွယ်ကို ပြုကျင့် တာ ကျွန်တော့်သက်တမ်း တစ်လျှောက် မကြုံဖူးဘူး” ဟု မောင်းမကန် စခန်းမှူး ကပြောသည်။

အရွယ်မရောက်သေးသည့် ကလေး များကို မိဘများက ရင်အုပ်မကွာ ထိန်း သိမ်းစောင့်ရှောက်သင့်ကြောင်း ၎င်းက ဆိုသည်။
” အခုအသက်အရွယ်အထိ ဒီနေရာ မှာ တစ်ခါမှ မဖြစ်ဖူးဘူး၊ ကျူးလွန်သူကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးသင့် တယ်” ဟု သဘော့ဆိပ်ရွာမှ အသက် ၄၇ နှစ်အရွယ်ရှိ ဦးစိုးဝင်းက ပြောသည်။ကျူးလွန်ခံရသည့် မိန်းကလေး ငယ်ကို ထားဝယ်ဆေးရုံကြီးကို တင်ပို့ ကုသထားပြီး ကျူးလွန်သူအမျိုးသားကို ထားဝယ်အကျဉ်းထောင်တွင် ချုပ်နှောင် ထားကြောင်း စခန်းမှူးက ဆိုသည်။

အသက် ၂ နှစ်အရွယ် မိန်းကလေး ငယ်ကို သားမယားအဖြစ်ပြုကျင့်ခဲ့သည့် အသက် ၃၃ နှစ်အရွယ် အမျိုးသားအား (ပ)၁၀၇၊၂၀၁၆ ၊ ရာဇသတ်ကြီး ပုဒ်မ -၃၇၆ ဖြင့် မောင်းမကန် နယ်မြေ ရဲစခန်း တွင်အမှုဖွင့် အရေးယူထားကြောင်း မောင်းမကန်ရဲစခန်းထံမှ သိရသည်။