အပျိုဖော်ဝင်စ ကျောင်းသူများ သံဓာတ်အားဆေးသောက်ရမည်

0
408

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံ ပညာကျောင်းရှိ ကျောင်းသူများကို သံ ဓာတ်အားဆေး (ဖျူးရားမင်းဘီစီ) တိုက် ကျွေးသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦး စီးဌာနထံမှ သိရသည်။

ဇန်နဝါရီ ပထမအပတ်မှစကာ ဖေဖော်ဝါရီလအထိ တစ်ပတ်လျှင် နှစ် ရက်နှုန်းဖြင့် ပုံမှန်တိုက်ကျွေးသွားမည် ဖြစ်သည်။
အပျိုဖော်ဝင်ချိန်ဖြစ်သည့် အလယ် တန်းနှင့် အထက်တန်းကျောင်းသူများကို တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ထား ဝယ်ခရိုင် ပြည်သူ့ ကျန်းမာရေး ဆရာမ ကြီး(အာဟာရဌာန) ဒေါ်သက်သက်ဌေး ကဆိုသည်။

“ ပျိုဖော်ဝင်ချိန်မှာ သွေးအားနည်း ရောဂါဖြစ်လေ့ရှိပါတယ်၊ ဒါကို ကာ ကွယ်ဖို့အတွက်ပါ “ဟု ဆရာမကြီး ဒေါ် သက်သက်ဌေး ကပြောသည်။
ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ တနင်္လာနေ့နှင့် ကြာသပတေးနေ့များတွင် အပတ်စဉ် တိုက်ကျွေး သွားမည်ဖြစ်ပြီး တစ်ကြိမ်လျှင် အားဆေးတစ်လုံးနှုန်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနထံမှ သိရသည်။