ရနံ့မဲ့ ကံ့ကော်မြေမှသည် ပြုပြင်ပြောင်းလဲခြင်းများ ဆီသို့

0
601

တက္ကသိုလ်ဝင်တန်း (၁၀တန်း) ကျောင်းသား တစ်ယောက်ရဲ့ ဘ၀တွင်  ရနံ့သင်းတဲ့  ကံ့ကော်မြေရဲ့ ကြီးကျယ်ခန့် ညားပုံကို  ရံဖန်ရံခါ စိတ်ကူးယဉ် ခဲ့ဖူးပါ သည်။ ကျနော်ဖတ်ခဲ့ဖူးတဲ့ စာအုပ် စာပေ တွေထဲက ဝတ်မှုံငုံဖူးတို့ စုံလင်စွာ မွှေးရနံ့ ကြူကြူသင်းတဲ့ ရန်ကုန်တက္ကသိုလ်ကြီး၊ ဝတ်မှုံငုံဖူးတို့ ဆိပ်ရည်လူးခဲ့ရဖူးတဲ့  ရန် ကုန် တက္ကသိုလ်ကျောင်းတော်ကြီးနဲ့ စိတ် ကူးယဉ်ကမ္ဘာထဲထိတွေ့ ခဲ့ဖူးသည်။

ဒီတော့ ပျော်လွင့်မှုတွေ ကြားကနေ   တက္ကသိုလ်ရင်ပြင်ကို ရောက်ချင်ခဲ့သည်။ ၁၀ တန်းအောင်စာရင်းထွက်တော့ “ မင်း စက်မှု အင်ဂျင်နီယာ တစ်ယောက်ဖြစ် ရမယ် “  ဆိုသည့် အဖေ့ရဲ့ ပုံစံခွက်ရယ် အမေ့ဆီက စေတနာရယ်တွေကြောင့် နည်းပညာတက္ကသိုလ် (ထားဝယ်) ကို တက်ရောက်ခဲ့ပါသည်။

ကိုယ်တိုင် ကလည်း စက်မှုအင်ဂျင်နီယာဘာသာရပ် ကို ဝါသနာပါသည်က တစ်ကြောင်း ဖြစ်သည်။ ခပ်လှမ်းလှမ်းကနေ မြင်လိုက် ရသည့် တက္ကသိုလ်အဆောက်အအုံကြီး လည်း အသစ်ဖွင့်ခါစ တင့်တင့်တယ်တယ် ရှိတော့ ကိုယ်လိုချင်သည့် ပညာရပ်တွေကို သင်ယူခွင့်ရလိမ့်မည် ဟုထင်သည်။ ထားဝယ်မြေရဲ့ ဒီဇင်ဘာနှင်းမြူများ ဝေဝေဆာတဲ့ ဆောင်းရာသီရောက်လာ တော့ တက္ကသိုလ်တွေ ပြန်ဖွင့်ကြသည်။ အရောင်အသွေးစုံလင်တဲ့ ကျောင်းသား ကျောင်းသူလေးတွေဟာ တက္ကသိုလ်မြေမှ ပန်းပွင့်လေးတွေနှင့်အတူ လန်းဆန်း သစ်လွင် လှသည်။ ကျနော်လည်း တက္ကသိုလ် ရင်ပြင်ကို တရားဝင်ခြေစုံ ချခွင့်ရလေပြီ။ ပထမဆုံးနေ့ ကျောင်းစတက်တာ့ တက္ကသိုလ်စာကြည့်တိုက်ကို အရင် လိုက်ရှာခဲ့သည်။

အခန်းကျဉ်းကျဉ်း လေးထဲမှာ စာဖတ်မည့်နေရာမရှိ ဗီဒိုထဲ ထည့်ပြီး သော့ချိတ်ထားသည့် စာအုပ် အနည်းငယ်သာရှိသော စာကြည့်တိုက်ငယ် လေးကိုမြင်လိုက်ရတော့ စိတ်မကောင်း ဖြစ်မိသည်။ အဲဒီနောက် ကွန်ပျူတာခန်း ဘက်ကို လျှောက်လာခဲ့ရာ ကွန်ပျူတာ များ အစီစဉ်တကျ ပြင်ဆင်ထားသည်ဟု ဆိုနိုင်သော်လည်း အသုံးပြုခွင့်မရခဲ့ပါ။ တက္ကသိုလ်ဓာတ်ခွဲခန်းကိုလည်း ရှာမ တွေ့၊ E-Learning Center  ဆိုတာ လည်း မတွေ့ရ၊ အားကစားရုံဆိုတာလည်း ဘယ်ဆီများ ရောက်နေလည်းမသိ၊ အင် ဂျင်နီဘာသာရပ်အတွက် မရှိမဖြစ်လိုအပ် သည့် Workshop
တို့ လက်တွေ့ (Praticle) ခန်းတို့ဆိုတာလည်း ရှာလို့ မတွေ့ ခဲ့ပါဘူး။

 

 

ကျနော်သိလိုက်ရသည်က ရှာလို့မတွေ့ခဲ့တာလည်းမဟုတ် ကျနော် တို့တက္ကသိုလ်မှာ တက္ကသိုလ်တစ်ခုမှာရှိ ရမည့် အခြေခံလိုအပ်ချက်တွေ ရှိကို မရှိခဲ့ပါဘူး။ မိခင်တက္ကသိုလ် ကျောင်း တော်ကြီးဟာ အနှစ်မဲ့ အခွံသက်သက် ချည်းမျှသာဖြစ်နေသည်။ ကိုယ်လိုချင် သည့်ပညာရပ် ဤတက္ကသိုလ်ကြီးတွင် မရှိဘူးဆိုတာကိုသိလိုက်ရတော့ ပျော် စရာလို့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တက္ကသိုလ် ကျောင်းသားဘ၀ကို ပျင်းရိငြီးငွေ့ ခဲ့ရသည်။

 

မည်သို့မျှ အောင့်အီး သည်းမခံ နိုင်တော့အဆုံး ကျောင်းထွက်ဖို့ ဆုံးဖြတ် ပြီး ကျောင်းထွက်လိုက်သည်။ ကျွန်တော် ဘယ်တော့မှ ပြန်မတက်တော့ဘူးဆိုပြီးစိတ်ကူးခဲ့သည်။ သို့သော် အမေ့ရဲ့ စေတနာနဲ့ အဖေ့ရဲ့ပုံစံခွက်ကို မလွန် ဆန်နိုင်တော့ နောက်တစ်နှစ် ရနံ့မဲ့တဲ့ တက္ကသိုလ်ရင်ပြင်ကို ပြန်ရောက်လာခဲ့ ရသည်။ မြန်မာ့ပညာရေးကို ယုံကြည်မှု မရှိတော့ အင်ဂျင်နီယာကောင်း တစ် ယောက် ဖြစ်ရမည်ဆိုသည့် စိတ်ကူးဘုံ ဟာလည်း တစ်စတစ်စပျက်စီးသွားခဲ့ရ သည်။ သို့သော် မိဘတို့ရဲ့ အလိုတော်ကျ အစိုးရရဲ့ နှစ်သိမ့်ဆုဖြစ်တဲ့ ပညာမဲ့ စာရွက်ဖြူလေးတစ်ရွက်ကိုတော့ ရယူခဲ့ လိုက်ရသည်။

အနာဂတ်တွေပျောက် ဆုံးခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ် ယောက်ရဲ့ဘ၀ကို ခံနိုင်ရည်ရှိဖို့ သူငယ် ချင်းတွေနဲ့ ဟိန်းလားဟားလား သောက် ချင်သောက်လိုက် မူးချင်မူးလိုက်နဲ့ ပျော်စရာတွေရှာဖွေပြီး ဖြတ်သန်းခဲ့ ရသည်။ ဒီလိုနဲ့ ပညာသင်နှစ်တွေ ကုန်ဆုံးသွားတော့ လွမ်းစရာ ဆွေးစရာ ကြည်နူးစရာတွေက ပညာမဲ့ စာရွက်ဖြူ လေးတစ်ရွက်နဲ့အတူ ပိုင်ဆိုင်ခွင့်ရ လိုက်တဲ့ လက်ဆောင်တွေဖြစ်သည်။ ကျနော်အပါအဝင် သူငယ်ချင်းအားလုံး ဟာ စက်မှုအင်ဂျင်နီယာတွေ မဖြစ်တဲ့ အပြင် စက်မှုအင်ဂျင်နီယာဘာသာရပ် တွေကို ကျွမ်းကျင်စွာ တတ်မြောက်တဲ့ သူတွေတောင် မဖြစ်ခဲ့ကြရှာပါဘူး။ တက္ကသိုလ်သည် အပွင့်မဲ့ ရနံ့မဲ့လှသည်။ နေပူကျဲကျဲကြီးထဲ မည်သို့မျှ တက္ကသိုလ် အင်္ဂါရပ်နဲ့ လျော်ကန်သင့်မြတ်ခြင်း လည်းမရှိ ကျောင်းတွင်းဒီမိုကရေစီ ကျောင်းသား အခွင့်အရေးဆိုတာလည်း မှုန်ဝါးဝါးပင် မရှိခဲ့ပေ။

ကျနော်တို့မြန်မာနိုင်ငံရှိ တက္ကသိုလ် များသည် သိပ်နောက်ကျနေခဲ့ပြီ။ နိုင်ငံ တကာတက္ကသိုလ်များနဲ့သာ ယှဉ်ကြည့် လိုက်ရင် ဘာအတွေးအခေါ်မှ မရှိ ဘာလက်တွေ့စမ်းသပ်မှုလည်းမရှိ ဘာသုတေသနလည်းမရှိ ဘာမှလည်း စနစ်မကျသည့် အခွံချည်းသက်သက်ဖြစ် နေသည်ကို တွေ့ခဲ့ရသည်။ ပြောင်းလဲချင် စိတ်ရှိသည့် အစိုးရသည် သတ္တိရှိရှိရင်း နှီးမြှပ်နှံပြီး စနစ်ကျကျပြုပြင်ပြောင်းလဲဖို့ လိုအပ်သည်။ သို့မဟုတ်လျှင် တိုင်းပြည် ဟာ နောက်နှစ်ပေါင်းများစွာ ဆင်းရဲမွဲ တေနေဦးမည်မှာ မလွဲဧကန် ဖြစ်သည်။
နိုင်ငံတကာတက္ကသိုလ်များ၏ စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေနှင့် ပတ်သက်ပြီး ‘Learning The Hard Way’ ဆိုသည့် စာညွှန်းထဲက ထုတ် နုတ် ကိုးကားဖော်ပြလိုက်သည်။ အခက် အခဲတွေ အားနည်းချက်တွေကြားကနေ ကမ္ဘာ့တက္ကသိုလ်တွေ အများကြီးဟာ အားကြိုးမာန်တက် ကြိုးပမ်းနေကြပြီဖြစ် သည်။ ၁၉၉၀ အလွန်နှစ်တွေ လောက်က အနိမ့်ဆုံးအဆင့်သို့ ထိုးကျသွားတယ် လို့ဆိုသည့် ဂျာမန်တက္ကသိုလ်များဆို လျှင် ယခုအခါ အထွေထွေပြုပြင် ပြောင်း လဲမှု အရှိန်အဟုန်ကောင်းများ ရနေပြီ ဖြစ်သည်။ တက္ကသိုလ်များ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အပြည့်အဝပြဋ္ဌာန်းပေး လိုက်သည်။ အပြင်ပစီးပွားရေးလုပ် ငန်းတွေနှင့် ချိတ်ဆက်ပြီး သုတေသနစင် တာအဖြစ် ဖန်တီးနိုင်ခဲ့သည်။ ပြောင်း လဲလာတဲ့ ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် သင်ကြားသင်ယူမှု ပုံစံသစ် များကိုလည်း ဖန်တီးနိုင်ခဲ့သည်။

 

နိုင်ငံ တကာသုံး အင်္ဂလိပ်ဘာသာစကားကို သင်ကြားရေး မဏ္ဍိုင်အဖြစ် ပြောင်းလဲပြီး နိုင်ငံတကာမှ ကျောင်းသားတွေကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။ “ ဖြူနစ် နည်းပညာတက္ကသိုလ”  (MTU) ဆိုရင် အမေရိကန် တက္ကသိုလ်များနှင့် ပခုံး ချင်းယှဉ်နိုင်သည်အထိ တိုးတက်ပြောင်း လဲလာသည်။ ၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံ “ ဆိုဘုန်းတက္ကသိုလ်” နှစ်တစ်ရာပြည့် ကာလမှာ ဥရောပတစ်လွှားမှ ပညာရှင် ကြီးများ စုစည်းပြီး ပညာရေးနှီးနှောဖလှယ်ပွဲကြီးတစ်ခုကို ကျင်းပခဲ့ကြသည်။ သူတို့ရဲ့ ရည်ရွယ်ချက်မှာ “ ပညာရေးကို ကမ္ဘာမှုပြုခြင်း” (Globalization of Education) ဟုဆိုသည်။

 

 

၁၉၉၉ ခုနှစ် ဘိုလော့နာ(Bologna)မြို့တွင် ပညာရေး ဝန်ကြီးတွေကိုယ်တိုင်တက်ရောက်တဲ့ ပိုမိုကျယ်ပြန့်သည့် နှီးနှောဖလှယ်ပွဲကြီး တစ်ခုကို ကျင်းပပြီး “ ဘိုလော့နာ ကြေ ညာချက်” ( Bologna Declaration) ကို ထုတ်ပြန်ကြေညာနိုင်ခဲ့သည်။ ထိုကြေ ညာချက်အရ ကိန်းဘရစ် တက္ကသိုလ် (Cambridge University) ကို ဗဟို ပြုပြီး “ ဥရောပစီလီကွန် ချိုင့်ဝှမ်း စီမံ ချက်” ကို အကောင်အထည်ဖော်နိုင် ခဲ့သည်။ ယင်းပညာပြိုင်ပွဲကြီးတွေမှာ အာရှနိုင်ငံတွေလည်း နောက်ကျမကျန် ရစ်ခဲ့ပါ။

 

ဂျပန်နိုင်ငံရဲ့ “ ကင်နာဇဝါ နည်းပညာတက္ကသိုလ်” (KIT) ဆိုလျှင် အာရှနယ်နိမိတ်ကို ကျော်လွန်၍ ကမ္ဘာ ကပင် အာရုံစိုက်လာရခြင်းခံ့ရသည်။ ကင်နာဇဝါ နည်းပညာတက္ကသိုလ်(KIT) ရဲ့ အဓိကအောင်မြင်မှုဟာ ဘွဲ့ရကျောင်း သားများအားလုံးအတွက် အလုပ်အာမခံချက်ပေးနိုင်ခြင်းနှင့် လွတ်လပ်တဲ့ သုတေသနလုပ်ငန်းများဖြစ်သည်။ “ အိပ် မက်စက်ရုံ” လို့ အမည်ပေးထားတဲ့ (KIT) ရဲ့ ပရိုဂရမ်( Program) တစ်ခု ဆိုလျှင် ကျောင်းသားကျောင်းသူတွေကို လွတ်လွတ်လပ်လပ်ဖန်တီးခွင့်ပေးထားခဲ့သည်။ ပရိုဂရမ် အတွက် ကုန်ကျစရိတ် အားလုံးကို တက္ကသိုလ်က တာဝန်ယူပြီး ရရှိလာတဲ့ သုတေသနတွေ့ရှိချက်များ ကိုလည်း တက္ကသိုလ်ကပင် တာဝန်ခံကာ ဈေးကွက်တင်ပေးခဲ့သည်။

 

ဘတ်စကက် ဘော ကစားတဲ့ ရိုဘော့(စက်ရုပ်) တို့ နေရောင်ခြည်စွမ်းအင်သုံး မော်တော် ကားတို့ဟာ အိပ်မက်စက်ရုံ၏ အသီး အပွင့်များ ဖြစ်သည်။ ၂၁ ရာစု နည်း ပညာပြိုင်ပွဲတွင် ရှေ့တန်းသို့ သိသိ သာသာ ဖောက်ထွက်လာနိုင်ခဲ့တာဟာ အိန္ဒိယတက္ကသိုလ်များဖြစ်သည်။ အိန္ဒိယ နည်းပညာတက္ကသိုလ်(IIT) ဆိုလျှင်              “ ဘီ(လ)ဂိတ်လို ပုဂ္ဂိုလ်မျိုးကပင်” ကမ္ဘာ ကြီးကို ပြောင်းလဲပစ်နိုင်စွမ်းသည့် မကြုံ စဖူး ထူးကဲလှသော တက္ကသိုလ် “  ဟု မှတ်ချက်ပေးခံရခဲ့ဖူးသည်။ အာရှနိုင်ငံ များထဲတွင် အိန္ဒိယနှင့် အပြိုင်ကပ် လိုက် လာသည်က စင်္ကာပူနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟု သိခဲ့ရသည်။

ဝက်စင်းထရစ် တက္ကသိုလ် (Web -centric University)၏ ခြေလှမ်း နှစ်လှမ်း ဝက်စင်းထရစ်တက္ကသိုလ် တည် ဆောက်ရေးတွင် အရေးကြီးသည့် ခြေ လှမ်းနှစ်လှမ်းရှိသည်ကို တွေ့ရသည်။ ပထမဆုံးသော ခြေလှမ်းမှာ တက္ကသိုလ် ရင်ပြင်ကို ဗဟိုပြုပြီး ကွန်ရက်စနစ်တစ်ခု ဖွဲ့ စည်းခြင်းဖြစ်သည်။ အဆောင်များ၊ စာ သင်ခန်းများ၊ စာကြည့်တိုက်များ၊

ဓာတ် ခွဲခန်းများ၊ အားကစားရုံများစသည့် တက္ကသိုလ်နယ်မြေအတွင်းရှိ နေရာတိုင်း ထောင့်တိုင်းကို ရင်ပြင်နှင့် ချိတ်ဆက် ထားဖို့လိုပါသည်။ ဤကဲ့သို့သော ကွန် ရက်စနစ်ဖြစ်လာရန် နည်းနှစ်နည်းဖြင့် ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ ပထမ ဆုံးနည်းမှာ ကျောင်းသားတိုင်းကို အင်တာနက်နှင့် ချိတ်ထားသော ကွန်ပျူ တာတစ်ခုစီ ပေးထားလိုက်ဖို့ ဖြစ်သည်။ ဤမျှ မတတ်နိုင်သေးလျှင် ဒုတိယနည်း ကို သုံးနိုင်သည်။ တက္ကသိုလ်ရင်ပြင်အနှံ့ ဆိုက်ဘာ ကဖေးများ ဖွင့်ထားဖို့ဖြစ်သည်။ ရေရည်တွင်မူ ကျောင်းသားတိုင်းကို အင်တာနက်ထဲ တိုက်ရိုက်ဝင်နိုင်သော မိုဘိုင်းဖုန်းများပေးထားမည်ဟု ဆိုသည်။
ဒုတိယခြေလှမ်းမှာ တက္ကသိုလ် အုပ်ချုပ်ရေးရုံးကို ဗဟိုပြုပြီး နောက်ထပ် ကွန်ရက်စနစ်တစ်ခု ဖန်တီးဖို့ဖြစ်ပါ သည်။ ဤသိုဖြင့် ကမ္ဘာအနှံ့မှ ကျောင်း သားများအတွက် တက္ကသိုလ်နှင့် အချိန် မရွေး ဆက်သွယ်နိုင်ဖို့အတွက်လည်း ဤကွန်ရက်က တာဝန်ယူလိမ့်မည်ဟု ဆိုသည်။ ခြေလှမ်းနှစ်လှမ်းကို ယေဘုယျ ခြုံကြည့်လိုက်လျှင်  “ ဝက်ဘ်ဆိုက”  (Website) မှာ အဓိက ဆက်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး အင်တာနက်က အခရာဖြစ်ပါလိမ့်မည်။

 

ထို့သို့ကြောင့် ဝက်စင်းထရစ် တက္ကသိုလ်(Webcentric University) လို့ ဆိုလိုက်ခြင်းဖြစ်သည်။ ထုတ်နုတ်ချက် (အိုင်တီခေတ် ပညာခေတ် အိုင်ဒီယာခေတ်နှင့် ပညာကိုဋီကာ ဖွဲ့ခြင်း- ကျော်ဝင်း)
ပညာရေး ပြုပြင်ပြောင်းလဲမှု ကြီး သည် မည်သည့်အခါမျှမရပ်တန့် နိုင်ဘဲ ခေတ်နဲ့ လျှော်ညီစွာ ပြုပြင်ပြောင်းလဲ နေမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများသည် ပညာရေး ကမ္ဘာပြုမှု (Globalization of Education
) ဦးတည်လျှောက်လှမ်း လာခဲ့ကြသည်။ ထို့သို့သော ပညာရေး ကမ္ဘာပြုမှု ခေတ်အပြောင်းအလဲတွင် မြန်မာ့ပညာရေး အခြေခံအုတ်မြစ်ကို အခိုင်အမာချထားပြီး ထိရောက်မြန် ဆန်စွာ  စနစ်တကျ ပြုပြင်ပြောင်းနိုင်ရန် အရေးတကြီးဆောင်ရွက်ရမည် ဖြစ် သည်။