ထာဝရ ဖဲကြိုးဖြူ သီချင်းဆိုပြိုင်ပွဲမှာ Level 2 အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထားဝယ်သား ဖိုးကေ

0
1093

ထာဝရ ဖဲကြိုးဖြူ (White Ribbon Myanmar) သီချင်းဆိုပြိုင်ပွဲမှာ ထားဝယ်သားဖြစ်တဲ့ ဖိုးကေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။Level 2 အောက်မြင်ခဲ့ပြီး နောက်ဆုံးပွဲစဉ် Level 3 ဆီမီးဖိုင်နယ်ပွဲတော့ ပြုတ်ကျန်ခဲ့ ပါတယ်။

“ အမှန်အတိုင်းပြောရမယ်ဆိုရင် အစတုန်းကကိုယ်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ ပြိုင်ဖို့ဆုံးဖြတ် ထားပြီးသားပါ။ ဒါပေမယ့် Level 3 မပြိုင်ခင် တစ်ပတ်အလိုမှာ ဖိုးကေ ရဲ့ချစ်ရဆုံးသောသူငယ်ချင်း နော်ချစ်ပန်းတိုင် အသတ်ခံရပြီး ဘာမှမလုပ်မ ကိုင်နိုင်ပဲ စိတ်လေသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ Level ကိုမပြိုင်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။

 

ဒါပေမယ့်သူငယ်ချင်းတွေကအားပေးစကားပြောပြီး ပြိုင်ခိုင်းတယ်။ အဲဒီ Level ပြိုင်တဲ့နေ့ကလဲ နေမကောင်းဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် ဇွဲမလျှော့ ဘဲ အကောင်းဆုံးဖြစ်အောင်ပြိုင်ခဲ့တယ်” လို့ ဖိုးကေက ဆိုပါတယ်။

 

 

အဆိုတော်ဖြစ်ဖို့ ကြိုစားတဲ့အခါ မိသားစုရဲ့ အားပေးမှု သိပ်မရခဲ့ပေမယ့်လည်း အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်ချင်ပြီး ကိုယ့်ဒေသတွေ မှာ လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မူတွေကိုကူညီပေး နိုင်တဲ့ သူယောက်ဖြစ်ချင်တယ်လို့ ဖိုးကေက ဆိုပါတယ်။