ဆူညံသံပြဿနာ မထိန်းချုပ်နိုင်သည့် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးကို အရေးယူမည်

0
459

မွန်ပြည်နယ်အတွင်း ဆူညံစွာ ဖွင့်လှစ်နေသည့် ဆောင်းဘောက်စ် ပြဿနာကို မထိန်းချုပ်နိုင်သည့် ရပ်၊     ကျေးရွာ အုပ်ချပ်ရေးမှူး အရေးယူမှု ပြု လုပ်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

ပွင့်လင်းရာသီကာလ အလှူပွဲများ၊ ဘုရားပွဲများတွင် ဆူညံစွာ ဖွင့်လှစ် နေသည့် ဆောင်းဘောက်စ်သံများ ကိစ္စ နှင့် ပတ်သက်ပြီး မည်သို့ခွင့်ပြုထား သည်၊ မည်သို့ အရေးယူဆောင်ရွက် ထားသည်ကို ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပနေသည့် ဒုတိယအကြိမ် မွန် ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၌ ပေါင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး ၏ မေးမြန်းချက်ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ထိုကဲ့သို့ ဖြေ ကြားလိုက်သည်။

 

ရွာတွေမှာ ဆောင်းဘောက်စ် အသံက ဘယ်လောက်ဆိုးလဲဆိုတော့ လူနာတွေတောင် မခံနိုင်လို့ အိမ်ပြောင်း ပြေး ရွာပြောင်းပြေးတဲ့ အဆင့်ထိရှိတယ်ဟု ပေါင်မြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

 

ဆောင်းဘောက်စ်များကို နားမခံ နိုင်အောင် ဆူညံစွာ ဖွင့်ခြင်း၊ အသံချဲ့ စက်များကို ကားပေါ်တွင် အပြည့်တင်၍ အသုံးမပြုစေရန် စသည့် စည်းကမ်း ချက်များကို ထုတ်ပြန်ထားကြောင်း၊ စည်းကမ်းချက် မလိုက်နာသည့် အသံ ချဲ့စက်များကို အသုံးပြုခွင့် ရုပ်သိမ်း သည့်အပြင် အရေးယူဆောင်ရွက်မှုလည်း ပြုလုပ်သွားမည်ဟု လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောသည်။

 

အများပြည်သူ စိတ်အနှောင့် အယှက် မဖြစ်စေဖို့အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ပုဒ်မ ၁၈ အရ အသံ ချဲ့စက် ခွင့်ပြုမိန့် ရယူရမယ်၊ လိုက်နာမှု မရှိသူအား ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေ ပုဒ်မ ၂၇ နဲ့ တရားစွဲဆောင်ရွက်ဖို့ ခရိုင်အုပ် ချုပ်ရေးမှူးကို အကြောင်းကြားထား တယ်ဟု ၎င်းက ရှင်းပြသည်။

 

စည်းကမ်းချက် လိုက်နာဆောင် ရွက်မှု မရှိသူများကို အသံချဲ့စက် ဖွင့်ခွင့် ဥပဒေဖြင့်လည်းကောင်း၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ တားဆီးထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ခြင်း မရှိသော ရပ် ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတို့အား ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေအရ အရေးယူသွားမည်ဟုလည်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

 

မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် အသံချဲ့စက် (လော်) နှင့် ဆောင်း ဘောက်စ်ဆူညံစွာဖွင့်ခြင်းကို ဓလေ့ တစ်ခုအဖြစ် နားလည်ကြသော်လည်း အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။