ခရီးသည်ထံမှ မူးယစ်ဆေးဖမ်းမိသဖြင့် ရွှေလင်းထက် အဝေးပြေယာဉ်ကို တစ်လပိတ်

0
351

ရန်ကုန်-မြိတ် ပြေးဆွဲသည့် ရွှေ လင်းထက် ခရီးသည်တင် ကားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်ထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိသည်ဟုဆိုကာ အဆိုပါယာဉ်ကို ဒီဇင်ဘာလ ၆ ရက် နေ့မှစကာ ပြေးဆွဲခွင့် တစ်လ ပိတ်သိမ်း လိုက်သည်။


တိုင်းဒေသကြီး အစိုးရက ညွှန် ကြားလာသည့်အတွက် မူးယစ်ဆေး သယ်ဆောင်လာသည့်ခရီးသည် စီးနင်း လာသောကားကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ လ ၅ ရက်နေ့အထိ ပြေးဆွဲခွင့် တစ်လ ပိတ်လိုက်ကြောင်း လုပ်ငန်း လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်း မှုဌာန တနင်္သာရီတိုင်းဒေသကြီးရုံးထံမှ သိရသည်။ထိုအပြင် လူမဲ့ တန်ဆာပစ္စည်း လက်ခံရာတွင်လည်း ဖွင့်ဖောက်စစ်ဆေး ပြီးမှသာ လက်ခံကြရန် ယာဉ်အသင်းအား လုံးကို ညွှန်ကြားထားကြောင်း တိုင်း ဒေသကြီး ပို့ဆက် ဦးစီးမှူး ဦးတင်စိုး က ပြောသည်။

 
“ ယာဉ်အသင်းတွေ မလိုလားအပ် တဲ့ ပြဿနာတွေ မဖြစ်ပေါ်အောင်ပါ” ဟု တိုင်းဒေသကြီး ဦးစီးမှူး ဦးတင်စိုးက ဆိုသည်။
ခရီးသည်တင်ကားများအနေဖြင့် ခရီးသည်မည်သည့်ပစ္စည်း သယ်ဆောင် လာကြောင်း စစ်ဆေးခွင့်မရှိသဖြင့် ယခု ကဲ့သို့ မူးယစ်ဆေးဖမ်းမိသည့် ဖြစ်စဉ် တွင် ကားအား ပြေးဆွဲခွင့် တစ်လပိတ် သိမ်းလိုက်ခြင်းမှာ မဖြစ်သင့် ကြောင်း အဝေးပြေးခရီးသည်တင်ကား ပိုင်ရှင် တစ်ဦး ကဆိုသည်။‘ ဒါမျိုးက မဖြစ်သင့်ဘူး၊ ပြေးဆွဲ နေတဲ့ ကားကို ပိတ်သိမ်းတယ်ဆိုတာက မတရားဘူးထင်တာပဲ” ဟု အဆိုပါ ကားပိုင်ရှင်က ပြောသည်။

 
တိုင်းအတွင်း ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက်နေရာများကို ပြေးဆွဲ နေသည့် ယာဉ်လိုင်း ၇၀ လိုင်း၊ တိုင်း တွင်း တိုင်းကျော် (တိုင်းအခြေပြုပြေးဆွဲနေသည့်ယာဉ်လိုင်း) ၄၄ လိုင်းနှင့် အခြားပြည်နယ်၊တိုင်းမှ လာရောက်ပြေး ဆွဲ နေသည့် ယာဉ်လိုင်း ၂၆ လိုင်းရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လုပ် ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန (ပို့၊ ဆက်) ထံမှ သိရသည်။